အပိုင္း (၁၂)

5.4K 437 114
                                    

{Unicode🍁}

ပြေးနိုင်သလောက်....
အကို ပြေးပါလေ....။
ခင်ဗျား မောပန်းပြီး
လဲကျသွားတဲ့တစ်နေ့....။
ကျွန်တော့်ရဲ့မျှော်လင့်ချက်တစ်ချို့ကို
သိနိုင်လိမ့်မယ်.....။

ဒီလောက် ပင်ပန်းနေတာကို
ဒီကောင်ဆိုးလေးက
ဘာလို့ ဇွဲမလျှော့ဘဲ လိုက်နေခဲ့သလဲပေါ့...။

*****

သီတင်းကျွတ် အားလပ်ရက်လဲ ပြီးဆုံးခဲ့လေပြီ..။ ထိုအတောအတွင်း ရွာမပြန်ခဲ့ပေမယ့် အကို့ကိုတော့ အဆင်သဖြင့် သတိရနေစဲပါလေ..။ အခုဆိုလျှင် အကိုဆိုသည်မှာ ကျွန်တော့်ကို အနည်းအပါး စိတ်ပူတတ်လေပြီ...။

ပိတ်ရက်သုံးရက်လုံး သူငယ်ချင်းဆီလိုက်သွားပြီး သူတို့ဒေသထွက် အချိုကြိုက်လွန်းသည့် အကို့အတွက် မုန့်သြဇာ ၊ မရွေး၊ ကရေကယာ ၊ ပဲချောင်း အစုံဝယ်လာခဲ့သည်..။ အကို့ကြိုက်နှစ်သက်သော ကျောက်ပန်းတောင်း ဒေသထွက် အာလူးကြော်က သုံးလေးငါးထုပ်၊ ဇီးထန်းလျက် နှင့် ပေါက်ပေါက်ဆုပ်ကတော့ အဖေတို့အကြိုက်....။ မန်ကျည်းယို တစ်ချို့ အကို့အတွက်ပါသည်...။ တစ်ခါတစ်လေ အကိုဆိုသည်က ယောကျာ်းလေးပင် ဖြစ်သော်ငြား ပေါက်တတ်ကရ စားလွန်းသည်......။

အထုပ်အထည်များနှင့် ကျွန်တော်သည် ကားအနည်းငယ်စီးခဲ့ရသဖြင့် air-con အနံတစ်ချို့နဲ့ မတည့်သော ကျွန်တော်က ပလာစတာ ဟိုကပ်ဒီကပ်လုပ်ပါသော်ငြား ခေါင်းမူးသည့် ဝေဒနာ အမေ့ဆီမှ အမြဲလိုလို အမွေရသည်.....။ Expressကား မြင်ရင်တောင် မသောက်ဘဲနဲ့ မူးသွားသည့် အမျိုးပင်......။

မူးပြီး ပျို့လာသည့်အချိန်တိုင်း အိမ်ပြန်ရောက်ပါတော့ဟု ဆုတောင်းသည်က မနည်း....။ မနက်ကိုးနာရီ ကားစီးလာသည်..။ အိမ်ကို ညနေပိုင်းမှ ရောက်သည်..။ ရောက်ရောက်ချင်း fatherနှင့် motherကို ကန်တော့ပြီး အနံ့စွဲနေသည့် ကျောပိုးအိတ်ကို ဝေးရာသို့ လွင့်ပစ်လိုက်ပြီး လွတ်လွတ်လပ် ဘောင်းဘီအတို ထဝတ်ပြီး စက်တော်ခေါ်လေပြီ.....။

Motherနှင့် fatherကတော့ ကျွန်တော့်အကြောင်း သိသည်မို့ မနိူးလောက်တော့....။ သေချာသည် အမေသည် အိပ်ယာထ ထခြင်း ရှောက်သီးအစပ်သုတ်နှင့် စောင့်ကြိုနေလိမ့်မည်...။ ဤအစဉ်အလာက ကျွန်တော်ကားမူးပြီး အိပ်ယာထလာတိုင်း အမေပြုလုပ်နေကျ......။

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now