အပိုင်း (၃)

5.4K 511 30
                                    

ခင်ဗျား ဝက်ပေါက်လို့
ခေါ်နေကျ
ကျွန်တော်ကလေ ...
တကယ်တော့
ခင်ဗျားအပြုံးနဲ့တင်
ကမ္ဘာတည်ထားခဲ့တာပါ...

****

Zawgyi🍀

"ဖေကြီး သား သားလဲ နှမ်းပေါင်းနုတ်ချင်တယ် လုပ်ပါ သား လုပ်ချင်လို့ပါနော်"

ဖေဖေကတော့ ထမင်းထုတ်နဲ့အတူ တောထဲသွားဖို့ အသင့်ဖြစ်နေသည် ဒါကိုပင် ဘေးနားကနေ တောထဲလိုက်ရေး ဒို့အရေး ဟု နားပူနားဆာတိုက်နေသော ကျွန်တော့်ကို မျက်မှောင်ကျုံ့ ကြည့်နေပါသည်......။

"ငုံးပေါက် မဆိုးစမ်းနဲ့ကွာ လိမ်မာစမ်းပါ တောထဲသွားတာ မြို့သွားတာ မှတ်နေလား?? နေပူတယ် ပင်ပန်းတယ် မလိုက်ခဲ့နဲ့"

"အာ မရ မရပါဘူး သား သားက လိုက်ချင်လို့ပါ ဖေကြီးရယ် သား သားကို လိုက်ခွင့်ပြုပါနော်"

"သား နားထောင် ဖေဖေကလေ အကောင်းနဲ့ ပြောတာ နောက်ပြီး သားက နေပူထဲမှာ နေလွန်းရင် ဖျားက ဖျားတတ်နဲ့ မဆိုးနဲ့ နှောင်းကြည်နူးထည် ဒီ့ထက် ပြောမရရင် အဖေရိုက်တော့မှာနော်"

ထိုအချိန်မှာတော့ ဆူကာ ချိတ်ကာနဲ့ပင် အိမ်ပေါ်သို့ ပြေးတတ်သွားလေပြီ သြော် ဒီကလေး ငါ့နှယ် အကောင်းပြောလို့ အကောင်းပြောမှန်း မသိ သားယောကျာ်းတစ်ယောက် နောက်ပြီး တစ်ဦးတည်းသော သား ဆိုသည့်ဂုဏ်ပုဒ်နဲ့အညီ ပိုးမွေးသလို မွေးခဲ့သည် ကလေးနောက်ထပ် မရတော့လား မဟုတ် မမွေးခဲ့သည်ပင် မိဘ မောင်နှမများအကြား အမွေကိစ္စများနဲ့ ပတ်သတ်ပြီး ပတ်ဝန်းကျင်မှာ ဖြစ်တာ ပျက်တာတွေက သူ့အား တစ်ယောက်တည်း အထီးကျန်စေသည် ထင်သည် .........။

တစ်ယောက်တည်းပဲ မွေးမည် ရှိသမျှ အချစ်တို့ဖြင့် သိမ်းကြုံးချစ်မည် ဒီသားတစ်ယောက်တည်းပဲ ရှိစေခြင်းသည် မိမိတို့ အမှားထင်ပါသည် တစ်ယောက်တည်း နေခြင်းက ကောင်းသည်ဟူသော အတွေးဖြင့် သားလေးမွေးပြီးကတည်းက လုံးဝသားကြော ဖြတ်ခဲ့သည် တကယ်တမ်းတော့ မိမိတို့ထင်သလို သူ့အား လိုလေးသေးမရှိ အလိုလိုက် အကြိုက်ဆောင်ခဲ့ပါလျှင် ပြီးပြီ ထင်သော်ငြား တကယ်တမ်းတော့ သားလေးသည် ငယ်ငယ်ကတည်းက အထီးကျန်ခဲ့သည်.........။

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now