အပိုင်း (၂၄)

5.3K 471 60
                                    

ဝန်ခံခြင်း....။
မယုံတာက သူ့အပြစ် မဟုတ်ပါဘူး...
ယုံကြည်လောက်အောင် ချမပြခဲ့တာက
ကျွန်တော်ရဲ့ ညံ့ဖျင်းမှု......။

******

Zawgyi ☘☘☘

"ဘာလုပ်လိုက်တာလဲ ဆန္ဒ... နင် လူကနေ ခွေးစိတ်ပေါက်နေတာလား?.."

သိပ်မကြာခင် ဒေါ်လေးခင် ရွာထဲမှ ပြန်လာသည်..။ တဘက် ပုတီးနဲ့အတူ ဆွမ်းချိုင့်ယူပြီး သီလယူဖို့ ပြန်လာသည်..။ အိမ်ပင် ဖြောင့်ဖြောင့် မရောက်သေး အပေါက်ဝက လဒမှိုင် မှိုင်နေသော ကျွန်တော်ကြောင့်....။ ထို့နောက် အိမ်ထဲမှာ ပင်ပန်းမှုနဲ့ အိပ်ပျော်သော ထိုကလေး..။ အိပ်နေတာတောင် ရှိုက်ငိုထားမှုက အကျင့်ပါနေသည်မို့ ရောင်ရမ်းပြီး ရှိုက်နေသည်....။

"ဒေါ်လေး.... ကျွန်တော် သူ့အပေါ် ပြောင်းလဲသွားတာ ဒေါ်လေးလဲ မယုံဘူး မလား?"

"နင့်ပုံစံက... ယုံကြည်ထိုက်လို့လား?... အတူရှိနေစဉ်က နင်ပဲ အဲ့ကလေးကို ခါးခါးသီးသီး လေ.. ရှိနေစဉ်တော့ ကြမ်းပြပြီး အခုချိန်မှ လွမ်းပြနေလဲ? မင်းဟာက.... လွမ်းတာနဲ့ မတူဘူး..."

"ဟား... ဟုတ်တာပေါ့.. ဒေါ်လေးရယ်... ကျွန်တော်က အဲ့လို ဖြစ်ခဲ့တာပေါ့... ကျွန်တော် သူ့ကို ဘယ်အချိန်ကတည်းက မြတ်နိုးတယ် ထင်လဲ?"

"စိတ်ထဲက မပါဘဲ ထပ်လိမ်နေအုံးမှာပဲ မလား? မင်းပဲ အဲ့ကလေးမကို ချစ်လွန်းလို့ ဆိုလို့ ငါ တောင်းရမ်းပေးစားခဲ့တယ် အခုတော့ ဒီကလေးဆိုတော့.... ဘာလဲ သမီးသီတာက မင်းကို နဖားကြိုး ဆွဲထိုးလို့လား? ဟုတ်မည်တော့ မထင်ပါဘူး အဲ့အချိန်တုန်းက မွှန်တက်ပြီး ကိုယ်တိုင် နွားဘဝနဲ့ ကျေနပ်နေပြီးတော့...."

"တော်ပါတော့ ဒေါ်လေး.. ဒေါ်လေး ငရဲကြီးမှာ စိုးလို့ပါ.. ကိုယ်ပြုသမျှ...အလကားတော့ မဖြစ်ပါစေနဲ့...။"

"တောင်းပန်ပါတယ်... ဆန္ဒရယ် အဲ့ကလေးကို လွှတ်ပေးလိုက်ပါ.... သူ့ခမျာ သနားစရာလေးပါ..."

"ကျွန်တော် သီတာကို ချစ်ခဲ့တယ်... တကယ်လဲ ရူးမတတ် ဖြစ်ခဲ့ပါတယ်... ဒါပေမယ့် ဒေါ်လေး သိလား? ထိုကလေး ကျွန်တော့်ဆီကို ပေါ်မလာတဲ့ တစ်နေ့...။ အဲ့နေ့ကလေ... ကျွန်တော် တကယ် နေလို့ မရခဲ့ဘူး.. အချစ်ဆိုတာမျိုးလဲ ကျွန်တော် မခံစားမိဘူး...."

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now