အပိုင်း (၃၁)

3.6K 406 26
                                    

**တကယ်တော့ အချစ်ဆိုတာ...
အပြုအမှုလေးတွေကနေ ပြနိုင်ပါတယ်...
ထုတ်ပြောတာထက်...
နှလုံးသားနဲ့ ဖော်ပြကြည့်မယ်...
အဆင်ပြေမှာပါ။
ရင်ဘတ်ခြင်း နီးရင်ပေါ့.....။

******

At 9:35 AM....

{Zawgyi}

"နေကြာ မဟုတ်ဘူး... အဲ့ဒါ Sunflowerလို့ ခေါ်တယ်..."

သွားကြီးကို ဖြီးနေပြီး နေကာမျက်မှန် တပင့်ပင့်နဲ့.. ဆောင့်ကြွား ဆောင့်ကြွားနဲ့၊ လုံးဝကြည့်မရ။ ဘာလို့ အဲ့လောက်တောင် မာန်ထနေသည်လဲ? အယ်.. လုံးဝကြီးတော့ သက်သက်စမာန်ထနေသည် မဟုတ်။ ပညာတတ်သည်။ ဥစ္စာပေါ ရုပ်ချော။ လူပျိုကြီး။ သူ့သြဇာအာဏာက တစ်ရွာလုံးပေါ် လွှမ်းမို့လွန်းသည်။ မလွှမ်းမိုးလို့လဲ မရ ၊ သူဆိုသည်မှာ တစ်ရွာလုံးမှာရှိသော သီးနှံမျိုးစုံမှန်သမျှ သူက ဒိုင်းခံဝယ်သည်။

"မှုတ်မယ်ဆိုရင်လဲ... ဘာဂျာလေးတော့ ဆောင်ထားပေါ့ဗျာ...."

ကိုယ်က သူ့ကို သောက်မြင့်ကပ်ပြီး ရွဲ့ပြောလိုက်ပေမယ့် သူဆိုသည်မှာတော့ အောက်ခြေလေး အလွန်လွတ်နေသည်မို့ သူ့ထံမှ အောက်လုံးတစ်ချို့က အတားအဆီးမရှိ ထွက်လာလေပြီ....။

"မှုတ်မယ့် မှုတ်ရင်လဲ.. ဘာဂျာတော့ မကိုင်ဘူး... ပုလွေပဲ မှုတ်မှပေါ့... ဟင်း... ဟင်း..."

သူ့မျက်လုံးတွေက မိမိတစ်နေရာသို့ ကြည့်နေပြီး မျက်နှာက ပြီတီတီနဲ့။ တကယ်ကို နှာဗူးပဲ။ ၉နာရီ နေရောင်ကတော့ တစ်ကွင်းတစ်ပြင်း အပြည့်ရှိနေသော ၀င်းဝါနေသည့် နေကြာပင်များအပေါ်မှ လုံးဝကို တင့်တယ်နေသည်။ နေကြာပင်လေးများကတော့ နေသွားရာအရပ်သို့ မျက်နှာမူလျှက်....။

"ပုလွေမှုတ်ချင်တာလား? တစ်ချောင်း ၁၀၀လေ ပွဲဈေးတန်းတွေမှာရတယ်..."

အဲ့လိုပါပဲ။ သူရွဲ့ရင် ပြန်ရွဲ့မည် ကျွန်တော့်အကျင့် ဒီလူနဲ့မှပဲ အတော်လေး ပေါ်လွင်လာသည်။ သောက်မြင်ကပ်ခြင်း၊ ဒေါသထွက်ခြင်း ၊ မေတ္တာတရားတို့ရဲ့ အရှင်သခင်ပင်....။

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now