အပိုင်း (၂၆)

4.8K 556 43
                                    

နှလုံးသားဆိုတာ...
မင်းအတွက် သီးသန့် ဖြစ်တည်တဲ့
ရပ်ဝန်းလေးပါ... ဖောင်း...။

*****

At 9:02 PM...

Zawgyi☘☘☘

"အင်း.. ဖောင်းတို့ ပြန်ရအောင်လေနော်.. ဖေဖေ စိတ်ပူလိမ့်မယ်.."

ထိုကလေးအား ရင်ခွင်ထဲ အချမ်းပြေစေရင် သွတ်သွင်းထားသည်..။ သူ့လည်တိုင်ဖွေးဖွေးလေးအား တဖွဖွ နမ်းရှိုက်ပါ၏...။ ထို့နောက် သူ့လက်ဖောင်းဖောင်းလေးများကို ကျွန်တော့်လက်ဖဝါးထည့် နွေးစေသည်..။

"မိုးက မတိတ်သေးဘူး.. ဖောင်းရဲ့၊ ရတယ် ဖောင်းပြန်ချင်ရင်.. ကိုယ် လိုက်ပို့မယ်..။"

"ရတယ်..။ ကျွန်တော် ကိုယ်တိုင်ပဲ ပြန်ပါ့မယ်...။ ငစိုးနဲ့ ပြန်မယ်လေ...။"

"ငစိုးက ပြန်လာအုံးမှာလား?"

"သူ ကျွန်တော့်ကို ဘုရားထဲကနေ စောင့်မယ်တဲ့..။"

"အဲ့ဆို အကို အဲ့အထိ လိုက်ပို့ပေးမယ်နော်..။"

"ကျွန်တော်_"

"မငြင်းနဲ့.. ဖောင်းလေး.."

ထိုကလေးခေါင်းပေါ်မှ ဖရိုဖရဲဖြစ်နေသော ဆံပင်တစ်ချို့အား ပြန်လည်ပြုပြင်လိုက်ပြီး..။

"ကိုယ်... စိတ်ပူလို့ပါ..။"

"အကို... ခဏ.. ကျွန်တော် တစ်ခုလောက် အကို့ဆီက တောင်းခံလို့ရမလား?"

"ဟင်း.. ပြောစရာလိုသေးလို့လား? ဖောင်းပေါက်စရဲ့..။"

"အကို... ကျေးဇူးပြုပြီး.. အကို့အကြောင်းကို အကုန်ပေးသိလို့ရမလား?"

"......"

ထိုကလေး အဲ့အကြောင်းကို မေးလိမ့်မည် မထင်တာကြောင့် ကျွန်တော် အတော်လေး မှင်တက်သွားသည်..။ သူ့ကို ဒီအတိုင်း ငေးကြည့်နေတာကိုပင် ထိုကလေး ဘယ်လိုထင်သွားခဲ့သည်လဲ မသိပါလေ...။

"အာ... ကျွန်.. ကျွန်တော် မမေးသင့်ဘူး ထင်တယ်နော်.. ကျွန်တော် တောင်းပန်ပါတယ်... အကို မပြောချင်ရင် ရတယ်နော် ဖောင်းက ဘာမှမဖြစ်ဘူး..."

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now