အပိုင်း (၉)

6.1K 467 90
                                    

နေဝင်ချိန်တိုင်း......
အတူငေးကြည့်ခွင့်တော့ ရတယ်.
သို့သော်
လက်ချင်းဆုပ်ကိုင်ပြီး
ကြည်နူးစရာ မျှော်ငေးခဲ့တာတော့
မဟုတ်ဘူး.....

*********

At 1:07 AM....

Zawgyi🍀

ကျွန်တော်တို့နှစ်ယောက်အကြား တစ်စုံတစ်ရာတော့ ပြီးဆုံးခဲ့လေပြီ....။ အသစ်မဖြစ်သော နုပျိုမှုသည် ညစ်ညမ်းမှု အပြည့်နဲ့ပင်....။ နာကျင်မှုတစ်ချို့နဲ့အတူ အားငယ် သိမ်ငယ်မှုများက အကို့ကို ကြည့်လိုက်တိုင်း တရိပိရိပ်တက်လာသည်......။ မိမိကိုယ်တိုင် နှင်းအပ်ခဲ့သော ကျရှုံးမှုသည် ကိုယိ့ကိုကိုယ် တိုင် ပင်ပန်းလွန်းသည်..။ အတန်ငယ် အမောဖြေလိုက်ပြီး ရေချိုးခန်းထဲ ဝင်ပြီး သန့်ရှင်းရေး လုပ်ရသည်..။

"အင့်.. အား ကျွတ် ကျွတ်! !!! ခေါင်းတွေကိုက်လိုက်တာကွာ"

"ခဏလေး အကို ဖြေးဖြေး... "

ပြီးဆုံးသွားသော အတိုင်းအတာတစ်ခု၌ အကိုက ဆေးရှိန်နဲ့အတူ ပင်ပန်းနေသည်မို့.. အကို့ဘေးနားမှ အကို့လက်မောင်းကို ဖြေးဖြေးမ,ယူပြီး ထူလိုက်မိသည်...။ အကိုကတော့ အမြင်မသဲကွဲသေး ကျွန်တော့်ကို ဇွတ်အတင်း သဲကွဲအောင် ကြည့်နေသည်...။

"မင်း... မင်း နှောင်း နှောင်းကြည်နူးထည်...ဘာလဲ ဒီကို ဘာလာလုပ်တာလဲ? နောက်ပြီး ငါ ငါကရော ဘာ ဘာလို့ ဒီရောက်နေတာလဲ?"

အကိုကတော့ သူ့လက်မောင်းကို တွဲယူထားသော ကျွန်တော့်လက်တွေကို ဇွတ်အတင်း အကြမ်းပတမ်းရုန်းသည်....။ ထို့နောက် စကားသံဗလုံးဗထွေးအသံတို့နဲ့ပင် အမေးစကားတို့က အကို့နူတ်မှ မအားမလပ်စွာ ရှိရသည်......။

"အင်း... အကို.. အကို ဒီအတိုင်း ကားဂိတ်မှာ မူးနေတာ မြင် မြင်လို့ ကျွန်တော် ခေါ်လာတာ.."

အကို့ကို သေချာမကြည့်ဝံ့..။ အကိုနဲ့ပတ်သတ်လျှင် လိမ်ညာမှုနဲ့ ကင်းခဲ့သော ကျွန်တော်က အရှုံးများနဲ့ နေသားကျနေခဲ့ပါပြီလေ....။

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now