အပိုင်း (၆)

5.2K 445 60
                                    

ဟန်ဆောင် မုသားတွေ သုံးမှ
ခင်ဗျား အပြုံးကို မြင်ခွင့်ရမယ်ဆိုရင်
နေပါစေ...
ခင်ဗျား ရင်ထဲမှာ ကျွန်တော်မရှိလဲ
ခင်ဗျားရဲ့အဝေးမှာပဲ
ရိုးသားစွာ
ကျွန်တော် နေပါရစေ......။

crd: my uncle

*****

Zawgyi🍀🍀🍀

သင်္ကြန်အကြိုနေ့ည၌ အဖေက ကျွန်တော့်ကို မဏ္ဋပ်ဆီ မသွားခိုင်းတော့ အိမ်ထဲမှာပဲ နေစေသည် မနက်ဖြန် အကျနေ့မှာပဲ အိမ်ပြန်ထွက်ဖို့ ဆော်သြသည် ထိုနေ့ည၌ ကျွန်တော်သည် အကိုဘယ်လိုရှိနေမလဲ စိတ်ထဲရှိနေရင်းသာ စိုးရိမ်စိတ်နဲ့ပဲ မိုးလင်းလိုက်ရသည်......။

At 6:23 AM...

"ဒေါ်လေး ဒေါ်လေးရီ"

"ဟေ ဟဲ့ ဘယ်သူလဲကွဲ့ အိမ်ထဲ ဝင်ခဲ့လိုက်လေ"

မနက်စောစောစီးစီး နေတောင်အရမ်းမပေါ်သေး ဘယ်သူကများ စောစောစီးစီး အခါရက်ကြီး သူများအိမ်ကို လာခေါ်နေသည်လဲ?? အမေကတော့ အသံကြားသည်နှင့် ဆွမ်းအတွက် ပြင်ဆင်နေသည်မှ ထပြီး အိမ်ရှေ့ကို လှမ်းမျှော်ကြည့်လိုက်သည် သို့သော် အရမ်းမကြာခဲ့ ...။ မနက်ခင်းအလင်းရောင်မှိန်မှိန်အောက်မှာ အရိပ်တစ်ချို့နဲ့အတူ ဝင်လာသော လူ...။

"ဟဲ့ အော် စိုးဝင်းရယ် နင့်ဟာကလဲ ဒီအတိုင်း ဝင်လာတော့ ဘာဖြစ်လဲ ငါ့နှယ် အိမ်ရှေ့ကနေ နင်အဲ့လိုလာခေါ်တော့ ဘယ်သူလဲလို့ ..."

"သြော် ဒေါ်လေးရယ် ကျွန်တော်က အဒေါ်တို့ကို ရိုသေတဲ့ သဘောက တစ်မျိုး နောက်ပြီး ကျွန်တော်လာတယ်ဆိုတာကို အရိပ်အမြွတ်ပြတာက တစ်ဖုံ..."

"ဟဲ့ အော် နင့်ဥစ္စာလဲ ရွှေမန်းတင်မောင်လို စာချိုးတွေနဲ့ လုပ်မနေနဲ့ ကဲ ကဲ လာ ငါတို့က ဥပုတ်သီလ ယူရအုံးမှာ အိမ်ပေါ်မှာ မင်းသူငယ်ချင်း ရှိတယ် သီလယူဖို့တော့ ပြောတာပဲ အခုထက်ထိတော့ ထတာမမြင်သေးဘူး..."

အမေ၏ပြန်ဖြေသံ စိုးဝင်း၏မေးသံတို့က ကျွန်တော့်နားထဲသို့ လျှံကျနေသည် နိုးတာကြာပြီဖြစ်သော်ငြား အိပ်ရာထဲက မထဖြစ်သေး အပူလောင်ထားသော ဒဏ်ရာများသည် အခြားသူများအတွက်တော့ အရမ်းမသိသာသော်ငြား ယောကျာ်းလေးဖြစ်ပြီး sensitiveဖြစ်လွန်းသော ကျွန်တော့်အသားအရေကြောင့် အပူလောင်ထားသော လက်တစ်ဖက်က ဆေးလိမ်းထားရပြီး အခြားတစ်ဖက်ကတော့ ပြာပူမိထားတာမို့ အရမ်းမဆိုးသော်ငြား လက်ထဲဝင်သွားသော ကျောက်ခဲစတို့ကြောင့် ဆေးထည့်ပြီး ပတ်တီးဖြူဖြူ စည်းထားရသည်...။

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now