အပိုင်း (၃၇)

3K 347 21
                                    

.... ကျွန်တော်သာ တစ်စုံတစ်ခု မဖြစ်ဘူးဆိုရင်
အကို့ မင်္ဂလာပွဲ ပျက်ပါ့မလား???

*****

{Zawgyi☘}

"မငိုနဲ့တော့ကွာ.... တိတ်တော့နော်.... မင်းက အဲ့လိုနေတော့ ကိုယ်ဘယ်လိုနေရတော့မှာလဲ?"

ထိုစကားကြားချိန်မှာတော့ ရင်ခွင်ထဲမှ ဖောင်းဆိုသော နှလုံးသားက ဇွတ်အတင်း တိုးထွက်လာသည်။ ထို့နောက် အကြည့်စူးစူးနဲ့ပင် တစ်ချက်ကြည့်ပြီး...။

"ကျွန်တော်တစ်ယောက်တည်း နားချင်တယ် အကိုဆန္ဒ... လိုက်မလာခဲ့နဲ့.."

"ဖောင်း... နေပါဦး ကလေးငယ်ရာ... ကိုယ်ပြောချင်တာကို ဆုံးအောင် နားထောင်ပါကွာ... ကျေးဇူးပြုပြီး ကိုယ့်ကို အဲ့လိုကြီး မထားခဲ့ပါနဲ့..."

ကျွန်တော့်ရှေ့မှ အမြတ်နိုးဆုံး အရာကို ပျောက်ကွယ်သွားမယ့်အလား ဇွတ်အတင်း ဖမ်းဆွဲထားပေမယ့် ကလေးငယ်ကတော့ ဘာကို စိတ်ခုသွားသည် မသိ...။

"ကျေးဇူးပြုပြီး... ကျွန်တော့်ကို တစ်ယောက်တည်း နေခွင့်ပေးပါ..။ ကျွန်တော်ဆိုတာ တန်ဖိုးရှိရဲ့လား? ကိုယ့်ကိုကိုယ် ခဏ စမ်းသပ်ရမယ် ထင်တယ်... နေရာတကာ ခင်ဗျားကြောင့် အပြောခံနေရတာ... ခင်ဗျားက ကျွန်တော့်အတွက် ရာဟုဂြိုဟ်... ပါပဂြိုဟ် မဟုတ်တဲ့ သောမဂြိုဟ်..."

(N- သောမဂြိုဟ် ၊ ပါပဂြိုဟ်ဆိုတာ ဗေဒင်ကျမ်းဂန်တစ်ချို့မှာ သုံးတဲ့ အသုံးနူန်းတွေပါဗျ..။ ကျွန်တော်လဲ ဘာတွေတောင် ထည့်ရေးမိလဲ မသိတော့ပါဘူးဗျ... မကြိုက်ရင် ပြောပြပါ့နော်။)

"မဟုတ်ဘူး... ဖောင်း... မင်း ကိုယ့်ကို အဲ့လိုထားခဲ့လို့ မရဘူး?"

"ထားခဲ့လို့ မရဘူး ဟုတ်လား? ခင်ဗျားတုန်းကတော့ ကျွန်တော်အမြဲတမ်း ခင်ဗျားကျောပြင်ကို တောက်လျှောက်ငေးနေခဲ့ရတာပဲ မဟုတ်လား?... ဟောဒီ ညှပ်ရိုးမှ ဒဏ်ရာ၊ နောက်ပြီး စိတ်ဒဏ်ရာ၊ နောက်ပြီး ကျွန်တော့်ရဲ့အရာအားလုံး...."

ကလေးငယ်ကတော့ အရမ်းကို နက်နဲနေမိသည် ထင်သည်။ ပတ်ဝန်းကျင်ကို မေ့လျော့စွာ ကျွန်တော့်ကို အော်ပြောနေမိသည်။ ငိုလဲ ငို ပြောလဲ ပြောနေတာကြောင့် နီရဲနေသော နှာတံနှင့် နူတ်ခမ်းဖျားတို့ကတော့ ပုံမှန်ထက် ဖောင်းကြွနေသည်....။ တဆတ်ဆတ်တုန်ရီနေတာကြောင့် အတော်လေးကို ဒေါသထွက်နေသည် ထင်သည်....။

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now