အပိုင်း (၂၉)

5.8K 514 90
                                    

ကိုယ်တို့ ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ရွေးရမယ်...။

ကလေးလေး.....။

******

မင်းအမြဲတမ်း မသိနိုင်ပါဘူး...
မင်းကို လွမ်းတဲ့အလွမ်းတွေနဲ့
ငါ ဘယ်လောက် ခံနိုင်ရည် ရှိအောင် ကြိုးစားခဲ့ရလဲ
ဖြစ်နိုင်ရင်....။
ငါ.... ဘာမှမသိချင်တော့တာ။
သိပ်လှတဲ့မင်းအပြုံးတွေက လွဲလို့ပေါ့....။

{Zawgyi}

"ကျွန်တော် ခင်ဗျားကို လွမ်းနေတာ... ခင်ဗျား ပိန်သွားတယ်နော်.."

"မင်းကို လွမ်းတဲ့အလွမ်းတွေ စီးပိုးမှုကြောင့် ဖြစ်မှာပါ...။"

ရင်ခွင်ထဲက ထိုအကောင်အထည်လေးအား တဖွဖွဖက်ထားရင်းမှ သက်ပျင်းခဏ ခဏ ချမိသည်။ ကျွန်တော်သည် သူနဲ့ပတ်သတ်ပြီးမှ အလွမ်းဒဏ်တစ်ခု ခံစားခဲ့ရသည်။ နှစ်ယောက်သား ယောကျာ်းသားဖြစ်နေပေမယ့် ချစ်ခြင်းမေတ္တာဆိုတာ သူ့ကို ရင်ခွင်ထဲ ထွေးဖက်ထားရင်တောင် ကြည်နူးမှုအပြည့်နဲ့မို့....။

"ကိုယ်နဲ့ခဏ အပြင်ကို လိုက်ခဲ့လို့ရမလား? မင်းကို ပြောစရာတွေ ရှိတယ်..။"

"ရတယ်.. ကျွန်တော်ထွက်လာခဲ့မယ်..ဒီဘော်ဒါဆောင်ရဲ့ ဟိုဘက်မှာ တံတားတစ်ခုရှိတယ် စိတ်ငြိမ်တယ်.. ဘယ်သူမှ မရှိဘူး.. ကျွန်တော် ခင်ဗျားကို နမ်းချင်လဲ နမ်းလို့ရတယ်...။"

ဒီကလေး ရှက်ပြုံးတစ်ချို့နဲအတူ ကျွန်တော့်ကို ကြည့်နေသည်။ သူအဲ့လို ဖြူစင်တိုင်း ကျွန်တော်နောင်တ တသီကြီး ရမိသည်။ တကယ်ဆို ကျွန်တော်တို့မဖြစ်သင့်ဘူးမလား? သူနဲ့ကျွန်တော်ဟာ ဘယ်တော့ဖြစ်မလာနိုင်တဲ့ ဆက်ဆံရေးမလား?

မိုးရွာပြီးစမို့ မြေသင့်နံ့သင်းသင်းနဲ့အတူ ပျဉ်တံတားလေးပေါ်မှာ အတော်လေး တိတ်ဆိတ်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မှုန်မှိုင်းနေသည်။ အဲ့လိုပါပဲ ဒီကလေးနဲ့ကျွန်တော်တို့ရဲ့အနာဂတ်ကလဲ ဘောင်မျဉ်းတစ်ချို့နဲ့... ။ စည်းတစ်ချို့နဲ့ ဘယ်တော့မှ ရုန်းမထွက်နိုင်သော ကျဉ်းကျပ်နေသော ဆက်ဆံရေးတစ်ခု။ စည်းတွေကို ဂရုမစိုက် နှစ်ယောက်လုံး ဇွတ်တိုးကြမယ်ဆိုရင် ကျွန်တော်ဆိုတာထက် ဒီကလေးအနာဂတ်ပိုပြီး ဆိုးလိမ့်မည်။

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now