အပိုင်း (၂၁)

5.4K 506 71
                                    

တစ်ချက်လောက် ကိုယ့်ကို
ခွေယိုင်သွားအောင်
ပြုစားပေးပါ့လား?
မင်းအတွက်နဲ့ ရူးသွပ်မှုကို
သဘောကျလို့ပါ......။

*****

At 9:00 PM.....

Zawgyi🍀🍀🍀🍀

"ခင်ဗျားကို..... မုန်းတယ်..."

မျက်ရည်တစ်ချို့နဲ့ပင် မိမိအတင်းဆွဲလှည့် ခေါ်ယူထားသော ရင်ဘတ်ပေါ်မှ ကလေးငယ်၏ ကျွန်တော့်ကို လုံးဝပစ်ပယ်ခြင်းပါလေ....။ သူ့ကို စူးစိုက်စွာ ကြည့်နေသော မျက်လုံးအစုံကို မှိုက်လိုက်ပြီး ရင်ဘတ်ပေါ်မှ ရှိနေသော ကလေးငယ်ကို အသာဖွဖွ ဖက်ထားပြီး ကျောပြင်ငယ်ငယ်ကို ပွတ်ပေးနေမိသည်......။

"အရမ်း မုန်းတာပဲလား?..."

"......."

"ဖြစ်သင့်တာပေါ့..... ကိုယ်က မင်း မမုန်းမှာကို ကြောက်နေတာ..."

စကားတစ်ခုရဲ့ အဆုံး သနပ်ခါးအနည်းငယ်ပဲ ကျန်ရှိနေသော နဖူးပြင်ကို တစ်ချက်မျှ နမ်းရှိုက်လိုက်ပြီး.....။

"ကိုယ့်ကို လုံးဝကို မမြင်ချင်တော့တာလားဟင်.... ဟုတ်ပါတယ် ကိုယ်က ဖြစ်သင့်ပါတယ်... အတိတ်က ကိုယ်က မင်းကို အကြိမ်ကြိမ် နာကျင်စေခဲ့တာပဲလေ မငိုနဲ့... မင်းငိုတာ ကိုယ့်အတွက် အဆင်မပြေတော့ဘူး ဖောင်းပေါက်စရဲ့...."

အတော်ကြာ ပွတ်သပ်ချော့မြူအပြီးမှာတော့ ငိုရတာမောလို့ အိပ်သွားပြီ ထင်သည်..။ ချစ်ရသော ကလေးငယ်အား အသေအချာ နေရာပြုပြင်ပေးလိုက်ပြီး လရောင်ဖြာကျနေသော တည်းခိုခန်းအပြင်မှ ဝါးဝရန်တာလေးအပေါ် ထိုင်ပြီး လရောင်အေးအေးကို ငေးမိသည်....။

ကိုးနာရီကျော်သည့်အထိ လူကမတိတ်သေး..။ မန်းကျောင်းငယ်လေးကို ဖြတ်လျက်ထိုးထားသော တံတားပေါ်မှ အရက်အနည်းငယ်သောက်လိုက် ရေထဲ ခုန်ဆင်းလိုက်နဲ့ပင် ပြည်တော်သာနေသည့် တစ်ချို့တစ်လေ ရှိသလို တစ်ချို့က အတွဲကိုယ်စီနဲ့ပင် ဖြတ်သွား ဖြတ်လာများ ရှိသည်....။

အသုပ်စုံနဲ့ ဟင်းချက်ရောင်းသည့် စားသောက်ဆိုင်နေရာမှ ဟင်းနံ့မွှေးမွှေးကလဲ နှာခေါင်းမခံနိုင်အောင် မွှေးလှသည်..။ တည်ခိုခန်းတစ်နေရာမှ တစ်နေရာကို မျှော်ငေးကြည့်အပြီးမှာတော့ အထက်စက်တော်ရာ ဘုရားဆီမှ မီးရောင်တစ်ချို့က လင်းထိန်လို့ပင်....။

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now