အပိုင်း (၁၆)

5.8K 534 110
                                    

ထပ်ပြီးတော့ မဆုံတော့ဖို့
ကျွန်တော် တောင့်တ ခဲ့ပါတယ်....
ဒါပေမယ့်
ထပ်ပြီး မျှော်လင့်ဖို့ သင်ပေးခဲ့လေတော့
ခင်ဗျား နည်းနည်းလေးတော့
မရက်စက်ပေဘူးလား?
ကျွန်တော့်ဖူးစာရယ်......။

*****

At 6:10 AM.....

Zawgyi 🍀

ဆေးရုံကုတင်ပေါ်မှ အရိပ်ကလေး....။ ဆေးမျိုးစုံနဲ့ပင် ကုသထားခံရသောကြောင့် လက်အကြောပေါမှ ဂွမ်းစနဲ့ တိတ်တစ်ချို့က မလွင့်ပြယ်သေး...။ ဖြူဖျော့ဖျော့အသွင်သည်က အခုထက်ထိ ပြန်ပြီး သတိမရသေးပါလေ...။

နောက်ပြီး လက်ညှိုးထက်မှ အတော်လေးနက်သည့် တံဇဉ်ပြတ်ရှရာမှ သွေးစတို့က သွေးတစ်ချို့နဲ့အတူ အနည်းငယ် ခြောက်သွေ့နေသည်...။ နူးညံ့မှုအပြည့်နဲ့ ဤလက်ကလေးများသည် မကြာသေးခင်ကမှ မြက်ရိတ်သိမ်းရာမှ ပြတ်ရှမှု တစ်ချို့။ ထို့နောက် ကျွန်တော့်ပယောဂကြောင့် ဒဏ်ရာများ......။

ခဏလောက် နိုးထလာပြီး ရက်စက်တဲ့အကို့ကို ပြန်ပြီး နှိပ်စက်ပါတော့လား နှလုံးသားရယ်...။

"အင်း....."

ညည်းညူသံတစ်ချို့နဲ့အတူ မြင်လွှာတစ်ချို့ လှုပ်ခတ်လာသည်...။ ထို့နောက် မျက်လုံးတို့ ဖွင့်ဖို့ ကြိုးစားနေသော သူ့ပုံစံ...။ ထို့်နောက် တဖြည်းဖြည်း ပွင့်လာသော သူ့မျက်ဝန်းတို့သည် မျက်နှာကျက်ကိုသာ စိုက်ကြည့်နေပြီး အတော်လေး စဉ်းစားနေပုံ ရသည်....။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား ချက်ချင်း ကုတင်ထက်မှ ထပြီး ပြန်ဖို့ လုပ်သည်.....။

"ဒါ....ဒါ ဘာလုပ်ဖို့လဲ? ဖောင်း....မင်းမှာ ဒဏ်ရာကြီးနဲ့လေ..."

ထို့နောက် ကျွန်တော့်ကို စိုက်ကြည့်လာပြီး ပြုံးပြသည်...။

"ဒဏ်ရာ ဘာမှမဖြစ်ဘူး နာမှန်းလဲ မသိဘူး အိမ်မှာ အဖေစောင့်နေလိမ့်မယ် ကျွန်တော်ပြန်ရမယ်"

"ဟာ...နေအုံးလေ အိမ်မှာ မင်းအမေ ရှိပါတယ်.. ဒီမှာပဲ နေလိုက်ပါ.... မင်းအခြေအနေက မကောင်းသေးဘူးလေ နောက်ပြီး ကံကောင်းလို့ အဆိပ်က အတော်လေး ပြန့်နေတာ...."

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now