အပိုင်း (၁၄)

4.9K 505 42
                                    

ခဲဖျက်နဲ့ ဖျက်...
Correctionနဲ့ ပျက်လွယ်တဲ့ အမှားထဲ
ကိုယ့်ရဲ့ နောင်တ တရား ပါတယ်ဆိုရင်
နောက်တစ်ခါ....
ကိုယ့်ပုခုံးပေါ် မှေးတင်လာတဲ့
ခေါင်းငယ်ငယ်လေးကို
ဘယ်တော့မှ ဖယ်ထုတ်မပစ်တော့ဘူး....။

********

*မသေချာဘူး....ဘာမှန်းသိဖို့လဲ... မရည်ရွယ်ပါဘူး.....*

Zawgyi🍀🍀🍀

At 10:03 AM.....

"ဗုတ်! အ!"

ပင်စည်တုတ်တုတ်နဲ့ပင် အတော်လေး ကြီးရင့်နေပြီဖြစ်သော လက်ပံပင်ကြီးထက်တွင် လက်ပံပွင့်နီနီရဲရဲတို့က ဝေဝေဆာဆာနဲ့ပင်...။ ရွက်ဝါတို့က အပင်ခြေရင်း၌ အလဲအကျင်းမရှိ ပုံနေလေပြီ....။ သစ်ရွက်ခြောက်များအကြား သတိကြီးစွာ နင်းလျှောက်ပြီး အညှာမခိုင်သော လက်ပံပွင့် အကြွေတို့နှင့် လက်ပံပွင့် ပန်းအခြောက်တစ်ချို့ လွယ်အိတ်နဲ့အပြည့် သိမ်းကောက်နေရင်း အပင်မြင့်မြင့်မှ လတ်လတ်ဆတ်ဆတ် ကြွေကျလာသော လက်ပံပွင့်ခေါင်းက ပခုံးပေါ် ကြွေကျလာသည်မို့...။

Photo crd:

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Photo crd:

'အ'ခနဲ အော်သံနဲ့အတူ ကြွေကျလာသော လက်ပံပွင့်ကို ကြည့်လိုက် အပင်မြင့်မြင့်ကို မော်ကြည့်လိုက်နဲ့ပင်.....။ တိမ်ဖြူတစ်ချို့ ကင်းနေသော မိုးကောင်းကင် ပြာပြာသည် အကန့်အသတ် ဘောင်တစ်ချို့မရှိ......။

လယ်ထဲသို့ ငရုတ်ပျိုးဖို့ ရေလာသွင်းရင်းပင် အသီးအရွက်တစ်ချို့ ခူးနေမိသည်...။ အခုလို တပေါင်းလ ရာသီ၌ အညာနွေ ပူပူပြင်းပြင်းထက် သရက်ဖူး၊ တစ်ချို့တစ်လေသော သစ်ရွက်အညွန့်နှင့် လက်ပံပွင့်များ၊ လဲ့လူရွက်၊ မျှစ်တစ်ချို့လဲ ရနိုင်သေးသည်.....။

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now