အပိုင်း (၁၀)

4.8K 443 46
                                    

ကျွန်တော့်အတွက်
အကိုနဲ့ပတ်သတ်လာရင်
မျှော်လင့်ခြင်းဆိုတာ အဆုံးမသတ်ဘူး အကို...
ဒါပေမယ့်
အကို့ဆီကလဲ ဘာကိုမှ မတောင့်တခဲ့ဘူး

*******

Zawgyi 🍀🍀🍀

တစ်ရက်....။
နှစ်ရက်......။တစ်ပတ်.....။

ကျွန်တော်ဆီသည်မှာလဲ အကို့အတွက်နဲ့ပင် ကျောင်းပိတ်ရက်တိုင်းလိုလို အိမ်ပြန်လာတတ်သည်။ ရောက်သည်နှင့်မကြာလိုက် အကို့ကို ကတိပေးထားသည့်အတိုင်း ကျွန်တော့်အားလပ်ချိန်မှန်သမျှ သူ့ကို ပေးတတ်သည်....။ တစ်ခါတစ်လေ အိမ်စာများလို့ အကို့ဆီသွားတာ နောက်ကျပြီး အကိုငြိုငြင်မှာလဲ စိုးရိမ်သည်......။

"ကြည်နူး.. ဘယ်လဲ သား???"

စာရသည်နှင့် စာအုပ်ကို ကပျာကယာသိမ်းပြီး နေ့လည်စာ ထမင်းပင်မစားနိုင် အကို့ဆီ ပြေးဖို့ကြံတာမို့ အမေဆိုသည်မှာတော့.....။

"သား..... စိုးဝင်တို့အိမ် ခဏပါ မေမေ..... ညဥ့်မနက်ခင် သားပြန်လာပါ့မယ်"

"နေအုံးလေ သားရယိ မနေ့ကမှ ပြန်လာတယ် အိမ်ကို ကပ်အုံးလေ... နောက်ပြီး သားဒီရက်ပိုင်းတွေ အိမ်ပြန်လာလဲ အိမ်မှာ အရမ်းမရှိသလိုပဲ..... သား ကြည်နူး. မင်း ဘာတွေလုပ်နေတာလဲ????"

ဖေဖေကတော့ ယောက်ျားသားပီပီ အေးအေးသာသာနေနိုင်ပေမယ့် မေမေကတော့ မိန်းမသားပီပီ စိုးရိမ်စိတ်နဲ့မေးလေပြီ....။

"စိတ်ချပါ မေမေ သားမမှန်တာ အမေမကြိုက်တာ ဘာမှမလုပ်ပါဘူး....သားကို ခဏလောက်တော့ လွှတ်ထားပေးပါ......။"

"အင်း..... သားက အဖေနဲ့ ဟိုသမီး စမ်းသီတာအကြောင်း သိနေပြီမလား?? အဲ့ဒါ စိတ်ဓာတ်ကျ စိတ်လေနေတာမလား???"

အဖေကတော့ သူ့သားလေး မျက်နှာတစ်ချက်ညိုးရင်တောင် မနေတတ်တော့ တစ်ခုခုဆိုလျှင် သူ့အပြစ်လိုချည်း ပြောနေတော့သည်....။ ညိုးငယ်စွာနဲ့ အဖေ့အသွင်သည် အတော်လေး စိတ်မကောင်းဖြစ်နေသည့်ပုံပင်......။

ရုန်းထွက်ခွင့် (ဆန္ဒလျှံ - နှောင်းကြည်နူးထည်)Where stories live. Discover now