မင်းသား ဟူသော အမည်ရခြင်း။

19.8K 567 8
                                    

ကျွန်မနာမည်ကတော့ အိုးရန်မြောင်မြောင်ပါ။ ရှန်ဟိုင်းသူလေးပေါ့။ မိဘရဲ့စီးပွားရေးကလည်း အဆင်ပြေပါတယ်။ ကျွန်မရဲ့အမွှာညီမလေးနာမည်က အိုးရန်ယန်ယန် တဲ့။
၁၉၉၅ စက်တင်ဘာ ၁၁ရက် တနင်္လာနေ့မှာ ကျွန်မ သူနဲ့စတွေ့ခဲ့တာပါပဲ။ ကျွန်မ သူနဲ့စတွေ့တဲ့နေ့ကို သေသေချာချာမှတ်မိနေသေးတယ်။ ရာသီဥတုက တိမ်တွေထူ မှုန်မှိုင်းနေပြီး မိုးဖွဲဖွဲလေးတွေ ရွာနေတော့ ကျွန်မတို့မနက်ပိုင်း
ကာယချိန်တောင် မလုပ်ခဲ့ရဘူးလေ။ ကျွန်မတို့ကျောင်းသူ ကျောင်းသားတွေ အတန်းထဲမှာ ရေဒီယိုက လာတဲ့ သတင်းတွေနားထောင်နေခဲ့ကြတယ်လေ။ဘာတွေလွှင့် တာလဲတော့သေချာမမှတ်မိတော့ဘူး ဘာလို့လဲဆိုတော့ ကျွန်မ အိပ်ပျော်နေခဲ့တယ်လေ။
အဲ့အချိန်မှာ သူ ပေါ်လာခဲ့တော့တာပဲ။

သူ့နာမည်က ကန်ယု တဲ့လေ။ သူက တရုတ်ပြည် အရှေ့မြောက်ပိုင်းကနေ ပြောင်းလာတာတဲ့။ သူ့မျိုးရိုးနာမည်အရင်းက
(AI xin jue Luo)တဲ့လေ။ အဲ့နာမည်ကြီးက ပေးတဲ့လူတွေ ရှားလွန်းပါတယ်။ ထူးထူးဆန်းဆန်းကြီးလေ။
အတန်းပိုင်က သူ့ မျိုးရိုးနာမည်ကြီးကို သင်ပုန်းမှာ ရေးချလိုက်တဲ့အခါ အတန်းသားတွေရဲ့အသံတွေ စုပြုံထွက်လာမှ ကျွန်မ နိုးလာခဲ့တယ်လေ။

"Ai Xin Jue Luo"

ဘယ်လိုနာမည်ကြီးလား။ ကျွန်မနာမည်အိုးရန်မြောင်မြောင်ထက်တောင်ရှည်သေး။
သူစာမေးပွဲဖြေဖို့ နာမည်ရေးရင် အဲ့နာမည်အရှည်ကြီးချရေးတာနဲ့တင် အချိန်ကုန်သွားလောက်တယ်
သူ့ကိုကြည့်နေရင် ကျွန်မနှုတ်ခမ်းဒေါင့်က သွားရည်တွေကိုသုတ်ပစ်လိုက်တယ်။
သူ့ပုံစံက ယောက်ျားပီသတဲ့ပုံလေး။ မဟုတ်ဘူး သဘာဝဆန်ပြီးခန့်ညားတဲ့သူပါ။ အရမ်းမိုက်တဲ့စတိုင်လေးပေါ့။
ကျွန်မ သူ့ကိုငေးနေရင်း သွားရည်တွေသုတ်ဖို့ မေ့သွားတာများ။ အဲ့အချိန်ကြီးမှာရှင် သူ့မျက်ဝန်းတွေကလည်း ကျွန်မဆီ ဒိုင်းခနဲ့ ရောက်ချလာတာ။ အဲ့အချိန်မှာပဲ ကျွန်မခေါင်းထဲ သီချင်းသံစဉ်တွေဝင်လာတော့တယ်။
လီ လာ လာ လီ လာ လာ ၀ုတ် ၀ုတ် လာ လီ လာ လာ လာ ၀ုတ် ၀ုတ်

ကျွန်မတို့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေတဲ့အချိန်မှာ
ကျွန်မခေါင်း ထဲ အဲ့သီချင်းသံစဉ် ကြီးက ဘယ်နှစ်ခါတောင် ကြားနေမိမှန်မသိတော့ဘူး။ အဲ့ဒိတုန်းကလေ ကျွန်မခေါင်းကို တူကြီးကြီးနဲ့ထုပစ်ချင်မိတော့တာပဲ ရပ်ပါတော့ ရပ်ပါတော့ ဆိုပြီးတော့ ခေါင်းကို လက်နဲ့နာနာထုပစ်လိုက်တာ။
ကျွန်မအမူအရာကြောင့် သူအံ့ဩသွားတဲ့ပုံပဲ။ သူ့မျက်မှောင်ကြုံ့သွားတယ်။ ကြည့်ရတာ သူ ကျွန်မလစဉ်ပြသနာကြောင့် ခေါင်းကို ထုနေတယ်ဘို့ ထင်သွားတယ်နဲ့တူတယ်။
ကျွန်မ ခေါင်းကို အရူးလို ထုနေတဲ့အချိန် အတန်းပိုင် ကျွန်မကိုခေါ်တာ မကြားလိုက်မိဘူး အတန်းပိုင်က သူ့ကိုမိတ်ဆက်ပေးပြီးတာနဲ့ ကျွန်မဖက် လှည့်ပြီး
"အတန်းခေါင်းဆောင်"
ကျွန်မခေါင်းကိုထုနေတုန်းပါပဲ။ ခေါင်းထဲက သီချင်းသံတွေ ပျောက်သွားအောင်လေ။ အဲ့အသံတွေထပ်မကြားချင်တော့ဘူး။

Husband is great black belly (Myanmar Translation) Where stories live. Discover now