part 7 (သူမအား ရင်ခုန်မိခြင်း)

4.4K 576 7
                                    

နောက်တစ်နေ့မနက်တွင်

ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံကြောင့် ရှောင်းမု နိုးလာခဲ့သည်။တံခါးကို အိပ်ချင်မူးတူးနှင့် ဆွဲအဖွင့် ဝင်တိုက်မိသည်က ရင်ဘက်နွေးနွေး။သွားကြီးဖြီးကာ မှေးနေမိသည်။

လာနှိုးသော မိမိပေါ်တွင် ပြုံးပြုံးကြီးပြန်အိပ်နေသော သူမအား ကြည့်ကာ အပြုံးမမည်သော အပြုံးတစ်ခု ဖြစ်တည်သွားရလေသည်။

"နိုးလာရင် အောက်ဆင်းခဲ့တော့ ပြန်အိပ်မနေနဲ့"

မုကျိုးအသံကြားမှ မျက်လုံးပြူးသွားလေသူ။ချက်ချင်းတွန်းဖယ်ကာ

"လာ..လာခဲ့မယ်"

ဂျိမ်း

တံခါးကို စောင့်ပိတ်ကာ အခန်းထဲသို့ ရှက်ပြီးဝင်သွားသော သူမအားကြည့်ရင်း မနေနိုင်စွာ ရယ်လိုက်မိသည်။ပြီးမှ ​အောက်ထပ်သိုပြန်ဆင်းလာကာ ကျန်လေးကောင်ကို စောင့်နေလိုက်သည်။

ရှောင်းမု ရှက်ရမ်းရမ်းပြီး တံခါးကို စောင့်ပိတ်ကာ ရေအမြန်ပြေးချိုးရသည်။ပြီးမှ အဝတ်လဲကာ အောက်ထပ်သို့ ဆင်းခဲ့လိုက်သည်။

သူမရောက်ချိန်တွင် မနက်စာစားပွဲ၌ လူအတော်စုံနေလေပြီ။ခပ်တည်တည်ပင် ဝင်ထိုင်ကာ မနက်စာစားလိုက်သည်။

"ရှန့်ဝေ ရှောင်းမုကို shopping လိုက်ပို့လိုက်"

မုကျိုး၏ စကားအဆုံးတွင် ရှန့်ဝေ ရှောင်းမုအား မုန်းတီးစွာကြည့်ရင်း

"ငါမလုပ်နိုင်ဘူး တခြားလူကိုခိုင်းလိုက်".

"ရှန့်အာ ငါထပ်မပြောချင်ဘူး"

"ငါ...မလုပ်နိုင်ဘူး...အဒေါ်ကြီး ထမင်းပွဲသိမ်းလိုက်တော့ ကျတော်မစားတော့ဘူး "

"ရှန့်​ရှောင်းဝေ ငါထပ်မပြောဘူး ပြန်ထိုင်လိုက်စမ်း"

စစ်နေသော နှစ်ယောက်ကတော့မသိ။ကြားထဲမှ ရှောင်းမု အငွေ့ပျံချင်သွားသည်။

"ရ..ရပါတယ် ငါအပြင်မထွက်ချင်သေးဘူးအိမ်မှာပဲနေချင်သေးတယ်"

ပြောပြီးသည်နှင့် အခန်းသို့ပြန်လာလိုက်သည်။အောက်ထပ်တွင် အခြေနေမည်သို့ရှိသည်ကို သူမ မသိချင်တော့ပါ။

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now