part 24(because)

3K 373 2
                                    

လွန်ခဲ့သော 15နှစ်ခန့်မှစ၍

4.5.2008

နေရောင်အောက်က ကလေးလေးနှစ်ယောက်။

ရှောင်းအိမ်တော်၏ အနောက်ဘက် ရေကန်ဘေးတွင် ဖြစ်သည်။

အသက်13နှစ်အရွယ် ကောင်လေးတစ်ယောက်နှင့် ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်။ 13 နှစ်အရွယ် ကောင်လေးက မာန်ပါစွာပင်

"ရှန့်အာ ငါ့ကို အဲ့မုန့်ကျွေး"

"မကျွေးဘူး ဒါရှန့်ရှန့်ဟာ"

"ရှန့်အာ ကျွေးမှာလား မကျွေးဘူးလား"

"ကျွေးဘူး ကျွေးဘူး"

"ကဲဟာ"

.....ဗွမ်း.....

အရွယ်နှင့်မလိုက်သော မောက်မာမှု ခက်ထန်မှုများ။ရေကန်ရဲ့ အပေါ်စီးက ကျေနပ်သလို ကြည့်နေလေသူ။

ရေကန်ထဲက ဖြူဖြူနုနု ကောင်လေးမှာ ရေမွန်းနေဟန်တူသည်။ကယ်ပါဟု အကြိမ်ကြိမ်အော်နေသော်လည်း သွေးအေးစွာ ကန်ဘောင်ပေါ်က ကြည့်နေသူ။

အတော်ကြာမှ ထို​ကောင်လေးက ရုတ်တရက် ရေကန်ထဲဆင်းကာ ရေထဲက အကောင်ငယ်လေးကို ဆယ်ယူလိုက်သည်။အဘယ်ကြောင့်ဆိုသော်

"ရှန့်ဝေ ဘယ်လို ဖြစ်တာလဲသားရယ် ရေလည်းမကူးတတ်ပဲနဲ့ မားကလေးလေးကတော့ တော်သေးတာပေါ့ ကိုကိုရှိနေလို့ မဟုတ်ရင် ဘယ်လိုလုပ်မလဲ"

ရှန့်အာ ကြောက်လန့်ကာ ငိုနေဆဲ။ရေရဲ့ အအေးဓာတ်ကြောင့် တုန်ရီနေသော လက်ကလေး။

တစ်စုံတစ်ယောက်ကတော့ ထိုမျက်ရည်တွေကို ပြုံးကာ ကြည့်နေလေရဲ့။မျက်ရည်တွေကျနေတဲ့ ထိုမျက်ဝန်းလေးကို စွဲလန်းသွားမိလေခဲ့သူ။

.
.
.
.
.

7.12.2011

"ရှန့်ရှန့် ညနေ သားကို ကိုကို လာကြိုလိမ့်မယ်နော်"

"မား...သား..သာတစ်ယောက်တည်း ပြန်လာလို့ မရဘူးလား"

"ကလေးလေး ကိုကိုက လူကောင်းပါ ကိုကိုနဲ့ တည့်အောင်နေနော်"

လှည့်ပြန်သွားသော မားရဲ့ ကားလေးကို ကြည့်ရင်း ရှန့်ဝေ သက်ပြင်းချမိသည်။ညနေအိမ်ပြန်ချိန်ကို တွေးကာ စိုးကြောက်မိသည်။

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now