part 27(secret)

3K 384 2
                                    

ရှောင်းမု ဓာတ်ပုံalbumကို ယူကြည့်မိတော့ ထူးဆန်းစွာ တွေ့ရှိရသည်က မုကျိုးနဲ့ ရှန့် ​ဝေ။
သခင်မနှစ်ယောက် ကိုယ်ဝန်ဆောင်သည့်ပုံပါသော်လည်း မုကျိုးမိခင်၏ ကိုယ်ဝန်ဆောင်သည့်ပုံ ပါမလာခဲ့။မုကျိုး အသက် 11 နှစ်လောက်က ပုံကိုသာ အစောဆုံးတွေ့ရသည်။ကလေးဘဝက ပုံတွေကို မတွေ့ရ။ရှန့်ဝေကား 5 နှစ်သား အရွယ်လောက်က ပုံကို သာ တွေ့ရလေသည်။

ရှောင်းမု စူးစမ်းလိုစိတ်ဖြင့် ဖန့်အာ အခန်းကို သွားကာ မေးလိုက်မိသည်။ဖန့်အာက မျက်လုံးပြူးကြီးဖြင့် တကယ်မသိတော့ဘူးလားဟု ပြန်မေးရင် ရှင်းပြရပြန်သည်။

"မုကောက အဖေ့အတွင်းရေးမှူးရဲ့သား အဖေလုပ်ကြံခံရတာကို မုကောအဖေက ကယ်ရင်း ဝင်ခံပေးသွားတာ မကြာပါဘူး မုကောတို့တစ်အိမ်လုံး လုပ်ကြံခံရတော့ မုကောပဲ ကျန်နေခဲ့တာ မုကောကို မိဘမဲဂေဟာပို့ နှစ်နည်းနည်းလောက်ကြာမှ အဖေက ခေါ်ပြီး​မွေးစားခဲ့တာ ဒါကြောင့် အဖေက ကောကို အရမ်းချစ်တာလေ သခင်မကြီးရောပေါ့ "

"ဒါဆို ရှန့်ကောကရော"

"အာ ရှန့်ကောကကျတော့ ဒုတိယသခင်မရဲ့ အစ်ကိုက မွေးတာလေ သူ့အဖေက ယောက်ျားလေး ကိုယ်ဝန်ဆောင်လို့ ပြောကြတာပဲပြီးတော့ ရှန့်ကော မွေးမွေးချင်းဆုံးသွားတာ အဲ့ကြောင့် ရှန့်ကောကို ဘယ်သူမှ မလိုချင်ကြဘူး သခင်မက သားတစ်ယောက်လို ချစ်ပြီး မွေးစားထားတာ"

"နေဦး ဒါဆို ရှန့်ကောအဖေက အိုမီဂါကြီးပေါ့"

"ဘာလဲ အိုမီဂါ"

"ရှူး ရှန့်ဦးလေးက အိုမီဂါဆိုတော့ ရှန့်ကောကလည်း အိုမီဂါဖြစ်ဖို့ 50%သေချာတယ် ဟုပြီး ရှန့်ကောက ယောက်ျားရမှာ"

"ရှောင်းမုမု နင်ကလေ ကိုမာလေး ခြောက်လလောက်ဖြစ်ပါတယ် ပြန်နိုးလာတာနဲ့ တွေ့သမျှလူ လင်ပေးစားနေတော့တာပဲ အေး နင်သာ သတိထား နင်အသက် 20ပြည့်ရင်လေ ဟွင်းဟွင်း မပြောတော့ဘူး သွားတော့"

ဖန့်အာ ဟောက်ထုတ်လိုက်မှ ရှောင်းမု အခန်းပြန်သွားလေသည်။

မိမိအခန်းသို့ ပြန်ရာတွင် တစ်လမ်းလုံး '''အိုမီဂါ'''ဟုသာ ရွတ်သွားလေသည်။ကျန်တာ ခေါင်းထဲမရှိ။

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now