part 28(နတ်ဆိုးရောက်လာပြီ)

3K 390 0
                                    

မနက်မိုးလာတော့ မုကျိုးက အားလုံးကို ဧည့်ခန်းတွင် ထိုင်ခိုင်းလေသည်။တစ်နာရီလောက်ကြာမှ အိမ်ထဲသို့ လူတစ်ယောက်ဝင်လာလေသည်။ထိုလူရဲ့နောက်တွင် အနက်ရောင်ဝတ်စုံပြည့်နဲ့လူတွေက suitcase တွေကို သယ်လာလေသည်။

မြင့်မားတဲ့ အရပ်အမောင်းနဲ့ တောင်းတင်းတဲ့ ခန္တာကိုယ်က မုကျိုးလောက်ကြည့်မကောင်းသော်လည်း အတော်ကြည့်လို့ကောင်းသည်ဟု ရှောင်းမုထင်မိသည်။ထူထဲတဲ့မျက်ခုံး နဲ့ အနည်းငယ် ပြုံးရောင်သန်းနေသော နှုတ်ခမ်း။

လူကြီးလူကောင်းဆန်ဆန်ဝတ်စားထားပြီး အိမ်ထဲသို့ smartကျကျ လှမ်းလာလေသည်။

ရှောင်းမုနဲ့ အားဝေမှတစ်ပါး ကျန်သူများက အေးအေးပင်။ထိုလူ က ရှန့်ဝေဆီကို တန်းတန်းမတ်မတ်ရောက်လာချိန်တွင် ရှန့်ဝေရဲ့ လက်တွေဟာ သိသိသာသာတုန်လာလေသည်။လက်ဖျားခြေဖျားတွေလည်း အေးစက်တောင့်တင်းသွားသည်။ဆိုဖာပေါ်ထိုင်နေပေလို့ မဟုတ်ရင် ရှန့်ဝေ လဲကျသွားနိုင်သည်။

ထိုလူက ရှန့်ဝေရှေ့တွင် ဒူးထောက်ထိုင်ကာ ဖောင်းနေတဲ့ ဘောင်းဘီအိတ်ကပ်ထဲက ဘူးလေးတစ်ဘူးကို ထုတ်လိုက်သည်။ဘူးလေးထဲတွင် တန်ဖိုးကြီး စိန်လက်စွပ်တစ်ကွင်းရှိနေသည်။
ထိုလူက တုန်ရီပြီး အေးစက်နေတဲ့ ရှန့်ဝေလက်ကို ယူကာ လက်စွပ်ကို လက်ခလယ်တွင် စွပ်ပေးလိုက်သည်။

လက်စွပ်ဝတ်ထားတဲ့ ရှန့်ဝေလက်ကလေးကို နမ်းကာ သူ့ပါးကို ကိုင်စေသည်။ပြီးမှ နှစ်လိုစွာပြုံးပြရင်း

"လက်ထပ်ကြရအောင် ရှန့်အာ"

ရှန့်ဝေ အံကိုကြိတ်ကာ ကြည့်နေမိသည်။ဘေးက လူတွေကတော့ ကြောင်အအ။

"ကျတော်..ကျတော် ငြင်းလို့မရဘူးမို့လား"

"သေချာတာပေါ့ မင်းမှာ ငြင်းပိုင်ခွင့်မရှိဘူးလေ"

ပြောပြီးမှ ထိုနေရာက ထကာ မုကျိုးဆီသွားလိုက်သည်။

"ရှောင်းမုကျိုး မတွေ့တာကြာပြီ"

"အင်း "

မုကျိုးက ဖြစ်သလိုနှုတ်ဆတ်လိုက်ရင်း အလိုက်သင့် ပြုံးပြလေသည်။

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now