part 48(သူမဘယ်မှာလဲ-1)

2.4K 298 12
                                    

ကားလေး တဖြည်းဖြည်း ရွေ့လျားလာတာနဲ့အမျှ သူမရဲ့ စိတ်တွေဟာလည်း လေးလံလာလေသည်။တဖြည်းဖြည်းနဲ့ ရောက်ရှိသွားသည်က တောလမ်းတစ်နေရာ။ရှောင်းမုက မူမမှန်တာကို သတိထားမိသော်လည်း နှစ်နှစ်နီးပါး သူငယ်ချင်းကောင်း ဖြစ်ခဲ့သည်မို့ သံသယတို့ တိုးဝင်ခြင်းမရှိပေ။

"လျန်း နေရာမှားလာတာများလား"

လျန်းက ဘာမှ ပြန်မဖြေဘဲ ဆိတ်ဆိတ်သာနေရင်း ကားကိုသာ အာရုံစိုက်မောင်းနေလေသည်။တစ်နေရာရောက်မှ ရုတ်တရက် ကားဘရိတ်ကို စောင့်အုပ်လိုက်ရင်း

"ရှောင်းမု"

"ဟင်"

"တောင်းပန်ပါတယ်"

"အာ့"
နှာခေါင်းထဲသို့ တိုးဝင်လာသော ရနံစူးစူးနဲ့အတူ အသိစိတ်တွင် သိရှိလိုက်ရသည်က လျန်းသည် သူမအား မေ့ဆေး အုပ်လိုက်ခြင်းပင်။

သတိရလာသည်နှင့် ပထမဆုံး မြင်လိုက်ရသည်က အဖြူရောင်ပိတ်လွှာ။ထိုင်ခုံပေါ်တွင် ထိုင်ရက်ရှိနေပြီး လက်တွေသာမက ခြေထောက်တွေကိုပါ ကြိုးတုပ်ထားလေသည်။

မျက်လုံးကို ကာရံထားသော အဖြူရောင်ပိတ်လွှာကြောင့် ဘယ်နေရာရောက်နေသည်ကို မသိ။အနည်းငယ် အသက်ရှူကြပ်တာကြောင့် အောက်စီဂျင်ကောင်းစွာ မရသော လူမနေသည့် အဆောက်အအုံဟောင်းမှန်း သိသာလှလေသည်။ပါးစပ်တွင်လည်း ဘာမှန်းမသိသော အဝတ်စဖြင့် ပိတ်ဆို့ထားတာကြောင့် ပါးစောင်များပင် နာနေလေပြီ။

မကြာပါ။ခပ်တိုးတိုး တံခါးဖွင့်သံနှင့်အတူ အလင်းရောင်မျှင်းမျှင်းလေးကို မြင်ရလေသည်။

"နိုးပြီလား ရှောင်းမု"

လျန်းစကားကြောင့် အူးအူးဝါးဝါးဖြေသံနဲ့အတူ စိတ်ထဲတွင်တော့ လူသတ်ချင်စိတ်က ကြီးစိုးနေလေသည်။

လျန်းက ပါးစပ်က အဝတ်စကို ဖြေပေးလိုက်ရင်း ရှောင်းမုရဲ့ ပါးလေးကို ညင်သာစွာ ပွတ်သတ်လိုက်လေသည်။

ဖြောင်း

ဖြောင်း

မထင်မှတ်ထားတဲ့ တုန့်ပြန်မှုနဲ့ ပါးပြင်ထက်က နာကျင်မှု့ကြောင့် ရှောင်းမု ခပ်ဆတ်ဆတ်လေး ဆဲလိုက်လေသည်။

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now