part 41 (လက်ထပ်ကြမလား-1)

2.8K 356 24
                                    

ရုံထဲက ထွက်လာတော့ မုကျိုးက ရှောင်းမုလက်ကလေးကို အသာကိုင်လိုက်လေသည်။
ရှောင်းမုကား ရှက်ကာ ....

" ကော ဘာ..ဘာလို့"

"ရှောင်းမုယောင်း"
ရုတ်တရက် ရုံထဲက ထွက်လာသော ကောင်လေးနှစ်ယောက်။သာယာနေသည်မှာ နဖူးလေးပင် နမ်း၍။မုကျိုးအသံကြောင့် ရှောင်းမုက အံ့ သြ သလို လှည့်ကြည့်လိုက်ရင်း..

"ဟင်''

သူတို့ကို မြင်တော့ သကောင့်သားနှစ်ကောင်က အတိတ်မေ့တာလိုလို ရွှေပျောက်တာလိုလိုနဲ့ မသိချင်ယောင်ဆောင်နေသေးသည်။

မုကျိုးက ရှောင်းမုလက်ကို ဆွဲပီး မုယောင်းတို့ရှိရာသို့ သွားလေသည်။

.........

Cafe တစ်ခုတွင် မျက်နှာချင်းဆိုင်ထိုင်နေကြသူများ။

မုကျိုးက မုယောင်းကို စေ့စေ့ကြည့်နေလေသည်။မုယောင်းကတော့ ခေါင်းငုံ့လျက် ရှောင်နိုင်လက်က​လေးကို ကြောက်အားလန့်အားနဲ့ ဆုတ်ကိုင်ထားလေသည်။ရှောင်နိုင်ကတော့ မုယောင်းကို ကြည့်လိုက် မုကျိုးကို အကဲခက်လိုက်နှင့်ပင်။တ်ခါတစ်ခါ ရှောင်းမုနှင့် အရိပ်အကဲ ပြနေလေသည်။

အတော်ကြာတိတ်နေသော စကားဝိုင်းကို ရှောင်းမုက စတင်၍

"ဟားဟား ကောသူငယ်ချင်းလား ချောတယ်နော် မိတ်ဆတ်ပေးပါဦး"

ရှောင်းမု၏ စကားကို မုကျိုးက မကြည်သလိုကြည့်ရင်း ...
"သူငယ်ချင်းတွေက နမ်းလို့လား မုလေး ဝင်မပြောနဲ့"

"နမ်း...နမ်းတာပေါ့ ငါဆို ခနခနပဲ"
ထိုစကား၏ အဆုံးတွင် မုကျိုး၏ သတ်မလို ဖြတ်မလို အကြည့်ကြီးကို လက်ခံလိုက်ရလေသည်။ထို့ပြင် ခက်ထန်စွာဖြင့် သူမအားကြည့်ကာ

"အဲ့ကိစ္စက အိမ်ရောက်မှ ရှင်းမယ် "
"ပြောပါဦး တွဲနေတာ ဘယ်လောက်ရှိပြီလဲ"

မုကျိုး၏ အမေးကို မုယောင်းက ရှောင်နိုင်အား မရဲတရဲကည့်ရင်း လက်ကလေးတစ်ချောင်းထောင်ပြကာ...

"တစ်...တစ်လ''

"အိမ်ကို ဘာလို့ဖွင့်မပြောတာလဲ"

"ဟို..ဟိုလေ"

စကားလုံးပြောက်ရှနေသော မုယောင်းအစား ရှောင်နိုင်က ဝင်၍

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now