part 29(she)

3K 390 6
                                    

ရှောင်းမု အားလုံးကို ပြောပြလိုက်တော့ ရှန့်ဝေ မယုံနိုင်ခြင်းတွေနဲ့ ပျော်ရွှင်မှုတွေရောကာ ထရပ်လိုက်ရင်း

"ကောင်းတယ် အရမ်းကောင်းတယ် အဲ့မိန်းမ မဟုဘူး ရှောင်းမုက တကယ် သေ သွားတာလား''

"ငါမသိဘူး ငါသိတာက ငါနိုးလာတော့ နင်တို့နဲ့ရှိနေတာ"

"ကျေးဇူးပြုပြီး ပြန်မသွားပါနဲ့ ငါတို့ထဲက ဘယ်သူမှ သူ့ကိုမလိုချင်ဘူး သူ့ထက်စာရင် မင်းကို ငါတို့ ပိုသဘောကျတယ်"

"ငါမသိဘူး ငါ ပြန်သွားရမယ်ထင်တယ် တစ်ခါတစ်လေ သူက ခြောက်ခြားစွာ ရှိနေတတ်တယ် ငါအယောင်ဆောင်တွေကို မကြိုက်ဘူး သူက ပြန်မလာရင်တောင် ငါက ပြန်သွားမှာ"

"ငါတို့ တစ်ယောက်ကိုတစ်ယောက်ကူညီကြရအောင် ငါနဲ့ သွဲ့ထန် လက်မထပ်ဖြစ်အောင် နင်က ကူညီ နင်ဖြစ်ချင်တာကို ငါက ပြန်ကူညီမယ်"

အတော်ကြာမှ သူတို့နှစ်ဦး စကားပြောလို့ ပြီးသည်။အောက်ထပ်ကို ပြန်ဆင်းလာတော့ ဘယ်သူမှ မရှိတော့။ရှန့်ဝေက အိမ်အကူတွေဆီက ဆေးသေတ္တာကို တောင်းကာ ရှောင်းမုကို ဆေးထည့်ပေးနေလေသည်။ဒဏ်ရာဆေးထည့်ပြီးမှ သူမရဲ့ဒေါသတွေ ပြေသွားဟန်တူသည်။နဂို ပျော်ပျော်နေတတ်သော ပုံစံလေးကို ပြန်ရလေသည်။

.
.
.
.

မနက်က ရှန့်ဝေရဲ့ အရှုပ်ဇယားကြီးပြီးတော့ မုယောင်း cafe တစ်ခုကို ဝင်ထိုင်ကာ မုကျိုးပေးလိုက်တဲ့ အလုပ်တွေကို ပြန်စစ်နေမိသည်။

ရုတ်တရက် ဆိုင်ရဲ့ မှန်တံခါးခေါက်သံကြောင့် ဘေးကို ကြည့်လိုက်မိတော့ အပြင်ကနေ နှုတ်ခမ်းလေးကို မှန်နားကပ်ကာ ထော်ပြနေသော စီနီယာ။.

မုယောင်း ပြုံးလျက်ပင် အထဲကို ဝင်လာရန် လက်ကလေး ယက်ခေါ်လိုက်လေသည်။ဘယ်ကတည်းက အနားလာချင်မှန်းမသိတဲ့ စီနီယာက ဆိုင်တံခါးကို ဖြတ်ကာ မုယောင်းနားကို အပြေးလေးလာရင်း မေးဖျားလေးကို ဆွဲယူကာ နှုတ်ခမ်းလေးကို နမ်းလိုက်လေသည်။

နမ်းပြီးမှ မုယောင်းကို ပြုံးပြကာ မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်လေသည်။
မုယောင်းက ထူးဆန်းသလို ကြည့်ရင်း

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now