part 17 (crush ကို ချွေကြမယ်)

3.6K 455 18
                                    

ရှောင်းမု အခန်းထဲတွင် တရုတ်စာ အရေးကျင့်နေသည်။

ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံကြောင့် ထဖွင့်ပေးမိတော့ မုယောင်း။တံခါးမှီကာ ရပ်ရင်း အသားတင် ပြုံးပြနေသူ။

ရှောင်းမု တံခါး ဖွင့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် အခန်းထဲ ပြေးဝင်လာကာ ကုတင်ပေါ်တွင် ခြေပစ် လက်ပစ် ဂိမ်းဆော့နေလေသည်။ရှောင်မု မုယောင်းခြေထောက်ကို လှမ်းဆွဲကာ မေးလိုက်သည်။

"ဘာလာလုပ်တာလဲ ကိုယ့်အခန်းကို မနေဘဲနဲ့"

မုယောင်း ဂိမ်းနှိပ်ရင်း ပြန်ဖြေလိုက်သည်က

"မအားသေးဘူး နင်လုပ်စရာရှိတာလုပ် rank တတ်ဖို့အရေးကြီးတယ် မုကော ပြန်လာရင်သာ ငါနင့်ကို စောင့်ရှောက်တယ်လို့ပြောပေး"

အံသြစရာကောင်းလောက် ရေမသောက် သေးမပေါက် ဂိမ်းနှိပ်သူပါပင်။

ညနေစောင်းခါနီးမှ မုကျိုးပြန်လာလေသည်။ရောက်ရောက်ချင်း မုကျိုး အရင်ဆုံးသွားသည့်နေရာကား ရှောင်းမုအခန်း။တံခါးလော့ချထား၍ တံခါးခေါက်လိုက်သည်။

တံခါးခေါက်သံကြားသည်နှင့် ရှောင်ယောင်း ကြည့်မိသည်က နာရီ။တံခါးသွားဖွင့်နေသော ရှောင်းမုကို လက်ကလေးအသာပြကာ တားလိုက်သည်။ထို့နောက် ဖုန်းကို ချကာ အိမ်သာထဲဝင်နေလိုက်သည်။သဘောကတော့ တစ်နေကုန် ဖုန်းမကိုင်ဘဲ စောင့်ရှောက်နေသည်ပေါ့။

မုကျိုးအခန်းထဲကို ဝင်လာကာမှ ရှောင်ယောင်းက အိမ်သာက ထွက်လာဟန်ဖြင့်

"မုလေး ငါရှင်းပြထားတဲ့စာတွေ နားလည်ပြီလား"

ရှောင်းမု ကြောင်သွားသည်။သကောင့်သားက ရောက်လာကတည်းက ဂိမ်းနှိပ်နေသည်မှာ မုကျိုးမလာခင်အချိန်ထိ။ရှင်းပြဖို့အသာထား သူ့ဟာသူပင် ရေမသောက်ပဲ gamer ရူး ရူးနေသူ။

ကြောင်နေသော ရှောင်းမုအနားကိုသွားကာ ရှောင်းယောင်းက လက်ကလေးဖြင့် ဆွဲဆိတ်လိုက်လေသည်။

အကြောင်းမသိ​သော မုကျိုးက စိတ်ချသလိုကြည့်ကာ j ဝင်ရင်း ပြန်ထွက်သွားလေသည်။

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now