part 19 (မသိဘူး ဖက်မယ်)

3.3K 414 15
                                    

သရဲအိမ်။

မြန်မာနိုင်ငံက လောက်လေးခွလောက်သေးသေးလေးတောင် ငါရှူးရှူး ထွက်ကျပါတယ်ဆို။အခုဟာက...။

ရှောင်းမု မျက်နှာတွင် ချွေးစေးများ ပြန်နေလေသည်။မုကျိုးကတော့ ဘာမှ မဖြစ်သလိုပင်။လက်တွေတုန်ကာ မုကျိုးလက်ကို အားရပါးရ ဆုတ်ကိုင်လိုက်သည်။မုကျိုး မျက်ခုံး အနည်းငယ် လှုပ်သွားလေသည်။

သူကိုင်တုန်းကတော့ လန့်နေပြီး ခုမှ သူ့ကို လာကိုင်နေလေသည်။
လက်ပြောပါရဲ့.......။
(ငါမတွေးဘူးနော် ဟဲ့)

သရဲ အိမ်ထဲသို့ ခြေချလိုက်သည်နှင့် ရှောင်းမု စအော်တော့သည်။

အနက်ရောင် မိန်ဖျဖျ အလင်းရောက်အောက်တွင် ဝါကျင့်ကျင့် မီးလုံးများ။အနီရောင် အနည်းငယ် ရောယှက်နေသော ပတ်ဝန်းကျင်။

အဖြူပုဝါစ၌ စွန်းထင်းနေသော သွေးများ။ရုတ်တရက် ကျောဘက်မှ နေ၍

"ဝါး"

မုကျိုးကိုယ်လေး တောင့်သွားသည်။မတောင့်ပဲ နေမလား။ရှောင်းမုက ရင်ခွင်ထဲ၌ အတင်းတိုးဝင်ကာ ဖက်ထားသည်ကိုး။

မုကျိုး ရှောင်းမုကို အနည်းငယ် ထိန်းရင်း လျှောက်လာလိုက်သည်။

သုသာန် ပုံ သဏာန်။မှောင်မှောင်မဲမဲထဲ လျှောက်လာရင်း ရုတ်တရက်

"အား "

ရှောင်းမု ခြေထောက်ကို လာဆွဲသော လက်ကြီး။အားရပါးရ မုကျိုးပေါ်ကို တက်ခွလိုက်သည်။

ရှောင်းမု၏ လက်တို့သည် မုကျိုး၏ ပုခုံးကို သိုင်းဖက်ရင်း။မျက်နှာလေးကို ရင်ခွင်ထဲ၌ ကွယ်ထားသည်။ခြေထောက်လေးနှစ်ချောင်းက လည်း မုကျိုးခါးကို ကုပ်တွယ်ထားလေသည်။မုကျိုး ရှောင်းမု လက်ကို အနည်းငယ် ဖြည်ချလိုက်ကာ

"ဆင်း...ဆင်းဦးလေ"

ရှောင်းမု ငိုကာ အတင်းဖက်တွယ်ထားသည်။နှုတ်မှလည်း

"မဆင်းဘူး ကြောက်တယ် အမေရေ ကယ်ပါဦး "
"ဆင်းဘူး....မဆင်းဘူး"

ကလေးတစ်ယောက်လို ငိုရင်း အတင်းဖက်ထားလေသည်။မုကျိုးအနည်းငယ် ပြုံးလိုက်မိသည်။

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now