part 33(လျို့ဝှက် လက်ထပ်ပွဲ-1)

2.9K 343 2
                                    

ရန့်ဝေ ဆင်းလာတော့ သွဲ့ထန်က ပြုံးပြုံးကြီးစိုက်ကြည့်နေလေသည်။

အဖြူရောင် suit ကို အနက်ရောင်အနာသတ်တွေနဲ့ ချုပ်လုပ်ထားတဲ့ ဝတ်စုံကလေးကို ဝတ်ဆင်ထားသည်။အကန့်သတ်ထုတ် shoe အဖြူရောင်လေးသည်လည်း သူကိုယ်တိုင်ရွေးထားသည် ထင်၏။

ရှန့်ဝေအနားကို ရောက်လာမှ လက်ကိုဆွဲကာ hotel သို့ ခေါ်ခဲ့လိုက်သည်။

Hotel ခန်းမထဲတွင် ပြင်ဆင်ထားသည်က အပြာရောင် နှင်းဆီများ။ခမ်းနားစွာ ပြင်ဆင်ထားပြီး တောက်ပနေသည်။

သွဲ့ထန်က လိုအပ်တာတွေ ညွှန်ကြားနေစဉ် ရှန့်ဝေကတော့ ငြိမ်ငြိမ်သာ ထိုင်နေရသည်။

ညနေပိုင်းရောက်တော့ hotel မှာ ညစာစားပြီးမှ ခန်းမထဲ ပြန်ဝင်ခဲ့ကြသည်။

သွဲ့ထန်က အနက်ရောက်suit ကို gentleman ဆန်ဆန် ဝတ်ဆင်ထားသည်။ရှန့်ဝေကတော့ အဖြူရောင် ဝတ်စုံလေးသာ။ခန်းမထဲဝင်ခါနီး လက်ကမ်းလာတာမို့ ရှန့်ဝေ အလိုက်သင့်လေး ချိတ်ထားလိုက်သည်။

ခန်းမရဲ့ main တံခါးကြီး ဖွင့်တာနက်တစ်ပြိုင်နက် အလင်းရောင်တွေနဲ့အတူ ထွက်ပေါ်လာသောလူသားနှစ်ဦး။

မျိုးတူ လူသားနှစ်ဦးဖြစ်သော်လည်း နတ်ဖတ်သလို လိုက်ဖက်လှသည်။ရှန့်ဝေ အံသြနေသော်လည်း ဟန်ဆောင်၍ ပြုံးပြလိုက်သည်။

ခန်းမထဲသို့ လျှောက်လာချိန်တွင် အားလုံးနီးပါး လူစုံနေကြသည်။ရှောင်းအိမ်တစ်အိမ်လုံး လည်း ရောက်နေကြလေသည်။

ဧည့်သည်များလည်း အတော်စုံနေဟန်ရှိသည်။

ရှန့်ဝေ သွဲ့ထန်ကို ခွင့်တောင်းကာ မုကျိုးဆီသွားလိုက်သည်။

မုကျိုးက သွဲ့ထန်ကဲ့သို့ အနက်ရောင် suit ကို ဝတ်ဆင်ထားလေသည်။ဘေးနားတွင် ရှောင်းညီအစ်ကိုများလည်း ရှိနေလေသည်။

ရှန့်ဝေက မုကျိုးကို ခနခေါ်ထုတ်ကာ အပြင်သို့ခေါ်လာလေသည်။ပြီးမှ ဒေါသထွက်သယောင်ဖြင့်

"ကော ဒါဘာတွေလဲ ငါသူ့ကိုမကြိုက်ဘူးလို့ ပြောပြီးပြီလေ "

"ရှန့်အာ စိတ်ကိုအေးအေးထား ငါလည်း ဘာမှ မသိဘူး ခုမှ အဲ့အကောင်က အိမ်ကို လူလွှတ်ပြီးခေါ်ခိုင်းတာ "

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now