final part(ကျတော့်ရဲ့သူ)

3.8K 369 99
                                    

မုယွင့်က ဆေးရုံရဲ့ ကော်ရစ်တာတစ်လျှောက်တွင် အသေကောင်တစ်ယောက်လို ထိုင်နေလေသည်။မျက်စိရှေ့က vip ခန်းလေးထဲတွင် တစ်စုံတစ်ဦးက အသ်စိတ်မဲ့စွာ လဲလျောင်းနေလေသည်။

လွန်ခဲ့သော နာရီအနည်းငယ်ခန့်က

ရှောင်းမုရဲ့ အလောင်းကို သယ်ထုတ်သွားပြီးနောက် သူတို့သည် သူမနှင့်အတူ လိုက်ပါလာကြ၏။မုယွင့်လည်း မပါအဝင်ပေ။သို့သော် တစ်နေရာအရောက်

"ဇီကျန်း.....ဇီကျန်း"

သူမနဲ့ ဘေးချင်းကပ် ဖြတ်လျှောက်သွားသော ကုတင်ထက်တွင် လဲလျောင်းနေသည့် သူတစ်ဦး။မုယွင့်အသက်မဲ့သွားသလိုပင်။ချစ်ရတဲ့ သူနှစ်ဦးစလုံးက ထိုနေရာက ကုတင်ထက်တွင်ပင်။

ရှောင်းမုကို သယ်ဆောင်သွားကြပြီးနောက် သူသည် ထိုလူအား လိုက်လံရှာဖွေတော့သည်။

သူတွေ့ခဲ့သည်။သို့သော်

"သားက လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကိုမာဝင်သွားခဲ့တာ ဦးလည်း ရှယ်ယာဈေးကွက်ကြောင့် ဘယ်သူ့ကိုမှ အသိမပေးဖြစ်ခဲ့ဘူး "

"ဘာလို့..ဘာလို့ အဲ့လိုဖြစ်သွားတာလဲ"

"Car accident ဖြစ်တာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က "

"ဦးပြောချင်တာက အဲ့...အဲ့ဒီနေ့ကလို့...ပြောချင်တာလား"

သူက ဘာကိုမှ မပြောဘဲထိုနေရာကသာ ထသွားလေသည်။ဇီကျန်းက​တော့ မျက်ရည်တွေကိုသာ အဆက်မပြတ်စီးဆင်းစေရင်း ကိုယ့်ပါးကို ကိုယ်တိုင်ပြန်ရိုက်နေမိသည်။

"တုံးအလိုက်တာ.... တုံးအလိုက်တာ...မင်းက..မင်းက သူ့ကိုတောင် အပြစ်တွေ တင်နေသေးတယ်....မင်းက..မင်းက သူ့ကို လှည့်တောင်မကြည့်ဘဲ အပြစ်တွေတောင် တင်နေခဲ့တာပဲ မုယွင့်...မင်းသေလိုက်..သေလိုက်"

အချိန်မည်မျှ ကြာသွားသည်မသိ။အကြောတွေ ထုံထိုင်းနေတဲ့ ခြေထာက်တွေကို အားယူရင်း ထိုအခန်းဆီသို့ ဦးတည်သွားလိုက်လေသည်။

သူက သူ့ရဲ့ မျက်နှာလေးကို အဝေးကနေ ထိတွေ့နေမိသည်။

"တောင်းပန်ပါတယ်..ငါတောင်းပန်ပါတယ် ကျန်း..ငါ...ငါမကောင်းတာပါ...ငါတောင်းပန်ပါတယ်"

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now