part 22(လက်ကမြင်းကြမယ်)

3.2K 418 8
                                    

ရှောင်းယောင်း အိမ်ထဲကို ခြေမချခင် အရင်ဆုံး အခြေအနေကို ကြည့်လိုက်သည်။အားလုံး အလုပ်သွားတယ်ဆိုမှ အပေါ်ထပ်ကို အမြန်တက်ကာ အခန်းထဲသို့ ဝင်လိုက်လေသည်။

အခန်း​ရောက်မှ သက်ပြင်းအသာချရင်း ရေချိုးခန်းထဲဝင်ကာ ရေဝင်ချိုးလိုက်လေသည်။

ရှောင်းမု မုယောင်း အခန်းထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်သွားသည်ကို မြင်၍ လိုက်ချောင်းလေသည်။သကောင့်သားက ရေချိုးနေ၍ ကုတင်ပေါ်တွင်ထိုင်ကာ surpriseအကြီးအကျယ်ပေးဖို့ စောင့်နေလေသည်။မကြာပါ။မုယောင်း ရေချိုးခန်းထဲက ထွက်လာလေသည်။

"အား"

"ဘာ..ဘာလုပ်နေတာလဲ"

"Kiss... kiss mark တွေလား"

ရှောင်ယောင်း ခန္တာကိုယ်အပေါ်ပိုင်းကို ဘေးနားက ခေါင်းသုတ်သည့် သဘတ်ဖြင့် ကာရင်း ရှာင်းမုကို မောင်းထုတ်လေသည်။

ရှောင်းမု အခန်းအပြင်ရောက်မှ ရှောင်ယောင်း အင်္ကျီအမြန်ဝတ်လိုက်လေသည်။ပြီးမှ တံခါး ဖွင့်ပေးကာ

"ဝင်လာခဲ့"

ရှောင်းမု အခန်းထဲ ဝင်လာကာ ရှောင်ယောင်းကို စိုက်ကြည့်နေလေသည်။ရှောင်ယောင်းက မုရဲ့ လက်ကို အားကိုးတကြီးကိုင်ရင်း

"ဘယ်သူ့ကိုမှ မပြောရဘူးနော်"

ရှောင်းမု လက်ကလေးကို ok ဟု ဝိုက်ပြရင်း ရှောင်းယောင်းလစ်မှ ဖင်ကို အားရပါးရ ရိုက်ချလိုက်လေသောအခါ

"အား.. နာတယ် ခွေးမလေးရဲ့ အဲ့နေရာကို မထိနဲ့"

"ဝါး တကယ်ကြီး bottom ထိုင်လာရတာပဲ ထင်မထားဘူး "

"ငါ ရိုက်မှာနော် ပိတ်ထား"

"ကော ငါကို သူနဲ့ တွေ့ပေးလို့ရှိ ရင် ငါပါးစပ်ပိတ်ပေးမယ်လေ ဘယ်လိုလဲ"

"နင်က တွေ့ပြီး ဘာလုပ်မှာလဲ"

"အော် လင်ကောင်းသားကောင်းရသွားရင် ပေးစားမယ် မဟုတ်ရင်တော့ အဲ့ကောင်ကို ငါကိုယ်တိုင်ရိုက်မယ်"

"သေချာလား"

"အင်း"

"အဲ့တာဆို တွေ့ပေးမယ် နောက်နေ့ကျရင်"

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now