part 14 (ကျတော်မြင်ခဲ့ရသော နတ်သားလေး)

3.8K 434 4
                                    

ညနေပိုင်းတွင် ရှောင်းမု အိမ်သို့ အစောပြန်လာလေသည်။အခြေအနေကြည့်ကာ အခန်းထဲ ဝင်မည်အလုပ် ကျောဘက်ဆီမှ စကားသံ။

"ဘယ်ကပြန်လာတာလဲ"
ရှောင်းမု လှည့်ကြည့်လိုက်တော့...မုယွင့်။

"ယွင့်ကော အလုပ်မသွားဘူးလား "

"သွားတယ် ဒါပေမယ့် နေလို့အဆင်မပြေလို့ ပြန်လာတာ"

"နင်ကရော ဘယ်သွားနေတာလဲ"

"ဟီးဟီး ဒီမှာကြည့်"

လက်ထဲမှ တရုတ် မြန်မာ အဘိဓာန်လေးကို ထောင်ပြလေသည်။မုယွင့် ရှောင်းမုလက်ထဲက စာအုပ်ကို ဆွဲယူလိုက်ရင်း

"သင်နေတာလား"

"ဟုတ် ဘာလို့လဲ"

"ဘာမှ မဟုပါဘူး ရော့ ပြန်ယူတော့"

မုယွင့် ပေးလာသည့် စာအုပ်ကို ပြန်ယူကာ အခန်းထဲ အမြန်ဝင်လိုက်သည်။အခန်းထဲရောက်မှ သက်ပြင်းချနိုင်တော့သည်။

အခန်းအပြင်ဘက်ရှိ မုယွင့်သည်လည်း မျက်ခုံးတို့ တွန့်ချိုးလျက် သံသယများ တိုးလာလေသည်။

.
.
.

နောက်တစ်နေ့တွင် ဖန့်အာ ဇီကျန်းကို မုယွင့်၏ ကားအရောင်းပြခန်းသို့ လိုက်ပို့ရသည်။အကြောင်းကား ဒီမှာနေစဉ်တစ်လျှောက် ကားတစ်စီးလိုအပ်သဖြင့် လိုက်ပြခိုင်းခြင်းသာ။

ပြခန်းသို့ ရောက်သည်နှင့် ဇီကျန်းကားတွေကို လျှောက်ကြည့်နေလိုက်သည်။တစ်နေရာအရောက် သူ၏ အကြည့်တို့ ရပ်တန့်သွားသည်။သူ့မျက်စိရှေ့တွင် ရှိ​နေသော ကားကြော င့်မဟုတ်။ကားပေါ်တွင် အိပ်ပျော်နေသော လူတစ်ဦးကြောင့်ပင်။

ထိုလူ။အဖြူရောင် တီရှပ်လက်ရှည်လေးကို ဝတ်ဆင်ထားသည်။အင်္ကျီလက်တွေကို တံတောင်ဆစ်နားထိ ခေါက်တင်ကာ ကားတံခါးကို လက်ထောက်ရင်း အိပ်ပျော်နေလေသည်။ထိုသူ၏ အရောင်အဝါသည် နတ်သားတစ်ပါးလို တောက်ပနေသည်။ဖူး​နေသော နှုတ်ခမ်း။ဖြူဝင်းနေသော အသားရေ။လက်ဖျံတွင် မြင်နေရသည့် သွေးကြော စိမ်းစိမ်း။ဇီးကျန်း ကြည့်ရင်းပင် ရေငတ်ချင်လာသည်။

ဇီကျန်းမသိမသာ ကားနားသွားကာ ထိုလူကို ကြည့်နေမိသည်။အများ အမြင်တွင်တော့ ကားကို ဝယ်ဖို့ ကြည့်သည်ပေါ့။တကယ်တမ်းတော့ သူတက်မက်စွာ ကြည့်နေသည်က ထိုလူသား။

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now