part 23(who & why)

3.1K 405 5
                                    

"ယွင့်ကော မင်္ဂလာပါ"

"ဖွီ အဟွတ် အဟွတ်...မင်း..မင်းဒီကို ဘာလာလုပ်တာလဲ"
ကိုယ့်ဟာကို အလုပ်ရှုပ်နေ၍ ရေလေးအသာသောက်နေစဉ် မျက်စိရှေ့ ဘွားခနဲ့ ပေါ်လာသော သကောင့်သားကြောင့် ရေပင်သီးသွားလေသည်။
ပါးစပ်ထဲက ပြန်ထွက်လာသော ရေတွေက ဇီကျန်းရဲ့မျက်နှာကို ရေနဲ့ပတ်သလို ဖြစ်သွား၍ အားနာမိသွားသည်။သို့သော်

"ကော ပါးစပ်ထဲက ထွက်လို့ထင်တယ် ချိုနေတာပဲ"

မျက်နှာပေါ်ထွေးထုတ်ထားတဲ့ ရေစက်တွေကို လျာလေးနဲ့ လျက်ကာ သောက်ပြနေသူ။ဇီကျန်တော့မသိ။မုယွင့်မျက်နှာကား ခရမ်းချဉ်သီး အတိ။

မန်နေဂျာကို သဘက်ယူကာ သုတ်ခိုင်းလိုက်သည်။ဇီကျန်း ရေသုတ်နေရင်း မုယွင့်ကို ငမ်းနေလေသည်။ခြောက်ပေမပြည့်သော်လည်း သင့်တင့်သည့်အရပ်အမောင်းရယ် ဖွေးနေတဲ့အသားလေးရယ် v shapeပုံ မျက်နှာလေးရယ် အဲ့နောက် အနည်းငယ် ကိတ်နေသော တင်လုံးလုံးလေးရယ်။

မုယွင့် အလုပ်တွေ ခနနားကာ ဇီကျန်းအနားကို သွားလိုက်သည်။

"ဖန့်အာရော မပါဘူးလား"

"မခေါ်ခဲ့ဘူး §လုံးနောက်လို့"

"ယဉ်ယဉ်ကျေးကျေးပြောစမ်း"

"ပြောရင် ကျတော့် ရည်းစားလုပ်မလား"

ဇီကျန်းစကားကို မုယွင့်က လှောင်ရယ်ကာ ခေါင်းက ဆံပင်တွေကို အသာဖွလိုက်သည်။

"မင်းက ငယ်ပါသေးတယ် ဟုဘူးလား "

္ထဇီကျန်း မုယွင့်ရဲ့ မျက်နှာလေးကို တစိမ့်စိမ့်ငေးရင်း ရေရွတ်လိုက်မိသည်။

"ကောက လှလိုက်တာ"

"ဟက်.. ဟားဟား..ဟား.. ငါကလှတယ် ရူးနေလား ဟေး ဇီကျန်း ရူးနေတာလား"

"ကျတော်ရူးရင် ကျတော့်ရည်းစားလုပ်မလား"

မလွယ်ဘူးဟုသာ တွေးရင် ရယ်နေမိသည်။အတော်ကြာမှ ဇီကျန်းက တစ်ခုခုကို သတိရသလိုနှင့်

"ကော ဟိုနေ့က ကျတော့်ကို စိတ်မဆိုးဘူးလား"

"အော် ငါက မေ့တောင်နေပြီ ငယ်သေးလို့ ရူးကြတာပဲ ဖြစ်တတ်ပါတယ် ငါ မင်းအရွယ်တုန်းကဆို အဲ့ထက်တောင် ပိုဆိုးတယ်"
မုယွင့် စနောက်သလို မျက်လုံးလေး တစ်ဖက်မှိတ်ပြလိုက်တော့ ဇီကျန်းရင်တွေ ခုန်သွားလေသည်။

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now