The Real Ending for us(5 years later)

3.4K 301 23
                                    

"မြန်မာပြည်မှာ လုပ်မှာ"

"မရဘူး တရုတ်မှာပဲ လုပ်မယ်"

"မုကျိုး"
ခပ်ထန်ထန်အသံထွက်လာပြီးနောက်..

"နှစ်ပွဲလုပ်မယ်"

"အင်း "မျက်စောင်းလေးထိုးကာ ထိုင်ရာက ထသွားသော သူမ။

ထိုအခြင်းအရာသည်ကား အမှန်စင်စစ် သူတို့နှစ်ဦး၏ မင်္ဂလာပွဲကို ကျင်းပရန် နေရာရွေးနေခြင်းပင်။ဘုရားစူး ရန်ဖြစ်ခြင်း မဟုတ်ရပါ။

သူဟာ သူမဆီကို အရောက်လာခဲ့ပြီး သူမဟာလည်း သူ့ကို ထပ်ချစ်ခဲ့လေသည်။ယခုတော့ဖြင့် China က တရုတ်ကြီးဟာ မြန်မာပြည်က ဂျပုမလေးဆီမှာ နိုင်စားခံနေရသည်ဟုပြောလျှင် ပိုမှန်လိမ့်မည်။

စတွေ့တွေ့ခြင်းကား သူမသည် ရှောင်းမုနှင့် မယှဉ်နိုင်အောင် ပုံဆိုးပန်းဆိုးဖြစ်သည့်အပြင် အစားကိုလည်း အားရပါးရ ဝက်လိုစားပြန်သည်။အတော်ကြာမှ ပြင်ပြင်ဆင်ဆင်နေရင်း လူရုပ်သူရုပ်ထွက်လာခြင်းပင်။

စင်စစ် သူချစ်တာ သူမရဲ့ ရုပ်ရည်တော့မဟုဘူးပေါ့။သူ့ရဲ့နှလုံးသားဟာ သူမတစ်ယောက်ကိုသာ အသိမှတ်ပြုပြီး သူမတစ်ယောက်သာ ဝင်ခွင့်ပြုလေသည်။တစ်ခါတစ်ရံ သူမသည် စုန်းအတတ်ရှိသည့် မိန်းမပျိုဟုပင် ထင်ရလောက်အောင် ပြုစားလွန်းသည်။

ဥပမာ အရင်က လူစင်မမှီတဲ့အရပ်လို့ တွေးခဲ့တာက ချစ်တဲ့အခါမှ'' အော်..ပုတာလေးကိုက ချစ်ဖို့ကောင်းနေတာကိုး''..ဆိုတာမျိုးပင်။
အရင်က ဝက်လား လူလားလို့ မသဲကွဲတဲ့သူ့ကို ချစ်လာတဲ့အချိန်မှ ကိုယ့်ချစ်ရတဲ့ဝက်ကလေးလို့ ဂုဏ်ဆာမိသလိုပင်။

သူမက သူ့ကို စင်စစ် ပြန်ချည်းကပ်ကာ ပြန်ချစ်အောင်စွမ်းဆောင်နိုင်ခဲ့ပေသည်။အနှီအမျိုးသမီးသည် အလွန်မျက်နှာလည်းပွင့်၏။ဥပမာ-သူမ၏ သူငယ်ချင်းများအား အလွန်လက်ပါတက်သည်မျိုးပင်။အထူးသဖြင့် မုကျိုးနှင့် စကားပြောသည့်အခါမျိုးပင်။လူစုံညီ စကားပြောပြီးသည် သူ၏ လက်တစ်ဖက်အား အမြဲဆေးလိမ်းပေးရမြဲ။

မိဘတွေလား။သေချာတာပေါ့ ဘယ်သဘောတူပါ့မလဲ။နိုင်ငံအတွင်းက လူမျိုးခြားတစ်ယောက်နဲ့သဘောတူရန်အသာထား ကျတော်တို့တရုတ်ကြီးဟာ နိုင်ငံအတွင်းက မဟုတ်တဲ့အပြင် မြန်မာစကားပါ မပြောတတ်သော လူရိုးလေးဖြစ်​နေပေသည်။

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now