part 43(I don't live without you)

2.7K 336 28
                                    

မုယွင့်နိုးလာသည်နှင့် ပထမဆုံးမြင်လိုက်ရသည်က ဇီကျန်းရဲ့ မျက်နှာချောချော။မိမိရင်ခွင်ထဲ၌ အိပ်ပျော်နေသော ဇီကျန်းကို အသာကြည့်လိုက်မိသည်။ကိုယ်ပေါ်၌ ကပ်ညိနေသော ​ခေါင်းလေးကိုအသာမကာ ကိုယ်လွတ်ရုန်းရင်း ထ ထိုင်မိတော့ ခါးအောက်ပိုင်းဆီက နာကျင်မှုက ပြောမပြတတ်လောက်အောင်ပင်။အံကို တင်းတင်းကြိတ်ကာ နာကျင်မှုကို အံတုရင်း ဇီကျန်းမနိုးခင် ထသွားရန် ကြံစည်မိသည်။ကုတင်ခြေရင်းက အဝတ်တွေကို ကြည့်မိတော့ အကောင်းမရှိ။ပြဲကွဲနေတဲ့ အဝတ်စတွေလိုပင်။

ဟိုတယ်က ဗီရိုထဲကို ရှာကြည့်လိုက်တော့ ဝတ်စုံအနည်းငယ် ထွက်လာလေသည်။အဆင်ပြေတာလေး ယူဝတ်ကာ တံခါးနားသို့ သွားရင်း

"ဘယ်ကိုသွားမှာလဲ"
ကျောဘက်ဆီကနွေးထွေးမှုနဲ့အတူ လည်ပင်းကို ထိခက်လာသော လေနွေးနွေး။နဖူးလေးက မုယွင့်ရဲ့ဆံစတွေကို နမ်းရှိုက်နေဟန်တူသည်။

မုယွင့်ကျွတ်တစ်ချက်သတ်ကာ ဇီကျန်းကို လှည့်ကြည့်လိုက်သည်။မျက်ဝန်းတွေက စူးရှစွာပင် သူ့အား ပို၍ တောက်ပစေသည်။

"ငါပြန်တော့မယ်"

"ကောလမ်းလျောက်နိုင်လို့လား ညက ကျတော်တို့မှားခဲ့တယ်လေ ကျတော် တာဝန်ယူမှာပါ နော်"
မုယွင့်ရဲ့ လက်ကလေးနှစ်ဖက်ကို ညင်သာစွာ နမ်းရှိုက်ရင်း တောင်းဆိုနေလေသည်။

မုယွင့်က ဇီကျန်းကို အေးစက်စက်သာ ကြည့်ရင်း
"ငါကို ဘယ်လိုမြင်နေတာလဲ အားပျော့တဲ့လူလား ဒါမှမဟုတ် မင်းကြိုးဆွဲရာကို ကမယ့်အရုပ်လား"

"မဟုတ်ဘူး ကျတော် ကောကို တစ်ခါမှ အဲ့လိုမတွေးဖူးဘူး"
စကားလုံးတွေနဲ့အတူ မုယွင့်ကို ပွေ့ဖက်လိုက်လေသည်။ပုခုံးလေးပေါ်ကို မေးတင်ရင်း စကားတွေဖွင့်ဟကာ တစ်ခါတစ်ခါ လည်တိုင်ကိုလည်း ခိုးနမ်းတတ်သေးသည်။

(အခွင့်ရေး မယူတာတို့ ဘာတို့ မိဇီမလုပ်
လုပ်ရင် မိဇီမဟုတ်)

"ကျတော်ကလေ ကောကို စတွေ့ကတည်းက ချစ်တာ ကျတော်ရဲ့နံရိုး မဟုတ်ဘူး ကျတော့်ရဲ့အစာအိမ်လေးကို ပြန်တွေ့ပြီလို့ သတ်မှတ်လိုက်တာ ကောကလေ ကျတော့်အတွက်တော့ မရှိမဖြစ်လိုအပ်တဲ့ အစာအိမ်လေးပဲသိလား ကောမရှိရင် ကျတော် နာနာကျင်ကျင်ခံစားပြီး သေဆုံးရမှာ ကျတော်...ကျတော် ကောမရှိမှာကြောက်တယ် မနက်လင်းလာတိုင်း ကောကို မမြင်ရမှာကြောက်တယ် ညအိပ်ရာဝင်တိုင်း ကောမရှိတဲ့ အိပ်ရာခင်းကို အေးအေးကြီးကို ကြောက်တယ် ကျတော်လေ ကျတော် ကောကို မပိုင်ဆိုင်ရမှာကြောက်တယ်. ကျတော် ကြောက်တယ်ကော ဒါကြောင့် ကျတော့်ကို လက်ခံပေးပါ... နော်"

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now