part 25(hate him)

3.1K 398 44
                                    

လျန်ထျန်းထွက်သွါးပြီးနောက် ရှောင်းစံအိမ်သို့ သူရောက်လာခဲ့ပြန်သည်။

အနက်ရောင် suitကို သားနားစွာ ဝတ်ဆင်ပြီိး ခန့်ညားလွန်းတဲ့ သူဟာ ရွှေမင်းသားလေးတစ်ပါး ဖြစ်လိမ့်မည်။ သို့သော် ထိုမင်း​လေးဟာ သူ့အတွက်တော့ စေတန်ပင်။

.
.
ထိုနေ့က သွဲ့ထန် ရှန့်ဝေအား လာရောက် တောင်းရမ်းခြင်း။ဘေးနားတွင် ရှေ့နေ ငါးယောက်လောက် ရှိနေသည်။

ရှောင်းသခင်ကြီးနှင့် ဇနီးများလည်း မျက်နှာပျက်လျက်။

သွဲ့ထန်က ပြုံးလျက်ပင် စာချုပ်တွေကို ထုတ်ကာ ပေးလိုက်သည်။

"သခင်ကြီး မစဉ်းစားသင့်တော့ဘူးနော် ကျတော်က ရှန့်အာကို တကယ်မြတ်နိုးတာပါ"

"မင်း..မင်း ယောက်ျားတစ်ယောက်မဟုဘူးလား ငါ့သားက gay မဟုဘူးကွ"

"ဟုလား ဒါလေးကို ကြည့်ကြည့်ပါဦး"

ရှန့်အာ နဲ့ လျန်ထျန်းတွေ့ဆုံပုံ အသေးစိတ် ဓာတ်ပုံများ။ရှန့်အာ သွဲ့ထန်ကို မကောင်းဆိုးဝါးတစ်ကောင်လို ကြည့်နေသည်။သွဲ့ထန်ကတော့ ခပ်အေးအေးပင် ပြုံးကာ

"သခင်ကြီး စဉ်းစားပါ ငွေက ပါးစပ်အားလုံးကို ပိတ်လို့ရတယ် ကျတော် လုပ်ချင်ရင် မနက်ဖြန်ဖြစ်ဖြစ် သဘက်ခါ ဖြစ်ဖြစ် ရှောင်းမိသားစုတစ်ခုလုံး ပြိုလဲအောင် လုပ်လို့ရတယ် တကယ်လို့ ဆွေမျိုးသာ ဆပ်ခဲ့မယ်ဆိုရင်တော့ ဆတစ်မျိုးပေါ့"

"ငါ......ငါ..မင်းဘာဖြစ်ချင်တာလဲ"

"ကျတော် မနက်ဖြန် အာဖရိက သွားမယ် ပြန်လာရင် ရှန့်အာနဲ့ လက်ထပ်ချင်ပါတယ်"

"ငါ....ငါစဉ်းစားပါရစေ"

"စဉ်းစားပါး သမက်ချင်းတူရင်တောင် ကျတော့်လောက်တော့ ကောင်းမယ် မထင်ဘူး ကျတော်က ရှန့်အာကို တကယ်ချစ်တာပါ"

စာချုပ်တွေကို ထားခဲ့ပြီးနောက် သွဲ့ထန်ပြန်သွားခဲ့သည်။ရှန့်အာ ငြင်းခွင့်မရှိခဲ့။မွေးစားသားတစ်ယောက်အနေနဲ့ လုပ်နိုင်သည်က ထိုအရာသာမို့.....ကျေးဇူးဆိုသည်က ကြောက်ဖို့ ကောင်းလွန်းတာမို့......။

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now