part 36(oh!my brother)

2.9K 359 12
                                    

ရှောင်းမုနှင့် မုယောင်း အခန်းထဲကို ဝင်လာတော့ ထိုလူက ထလာကာ မုယောင်းပါးကို ဖွဖွလေးလာနမ်းလေသည်။ရှောင်းမုကား ဘေးနားတွင် သွားကြိတ်ကာ ကြည့်နေလေသည်။
(ကိုက်စရာ စောင်မှမရှိတာ ငါ့ကလေးကို သနားပါတယ်)

ရှောင်နိုင်က ရှောင်းမုကို ပြုံးပြရင်း ထိုင်ခိုင်းလိုက်လေသည်။သူကတော့ မုယောင်းထိုင်မည့်ခုံကို ဆွဲပေးနေလေသည်။

အားလုံးထိုင်ပြီးမှ စားစရာအချို့မှာလိုက်လေသည်။ရှောင်းမု ဈေးနှုန်းတွေ ကြည့်ပြီး လန့်နေ၍ မမှာသော်လည်း ရှောင်နိုင်က menu ထဲကဟာ အားလုံးနီးပါးမှာပေးလေသည်။စားစရာတွေမှာပြီးမှ မုယောင်းက ရှောင်းမုကိုကြည့်ကာ ပြောလေသည်။

"မုလေး ငါ.. ငါသူ့ကို ချစ်တယ်"

ရှောင်းမု ပြုံးကာ ကြည့်လိုက်တော့ မုယောင်းမှာမူ အားနာကာ ရှက်နေဟန်တူသည်။ရှောင်နိုင်ကတော့ မုယောင်းကို ကြည့်နေရှာလေသည်။
ရှောင်းမုက မုယောင်းလက်ကလေးကို ညင်သာစွာ ကိုင်ရင်း

"ကော ငါသဘောကျတယ် နင်ရဲ့ရည်းစား ..မဟုတ်ဘူး..နင့်ရဲ့ချစ်သူကို နင့်ရဲ့အိမ်ထောင်ဖက်အဖြစ် ငါသဘောကျတယ်"

"မုလေး.. ငါ..ငါ"

"ငါ..တကယ်.. တကယ့်ကို ပျော်တယ်သိလား ငါကလေ နင့်ကို မကောင်းတဲ့မိန်းမတွေနဲ့ ချစ်သွားမှာ စိုးနေတာ ခု... ငါ့အစ်ကို ငတုံးလေးကို တကယ်ချစ်ပေးမယ့် ယောက်ျားတစ်ယောက်ကိုတွေ့တော့ ငါအရမ်းပျော်သွားတာ တကယ် ငါသဘောတူတယ် "

ဖြူစင်စွာ ပြုံးပြလိုက်တဲ့အခါ ရှောင်နိုင်နဲ့ မုယောင်း နှစ်ယောက်စလုံး စိတ်အေးသွားရလေသည်။မုယောင်းတွေးထားသည်က ရှောင်မုသည် ရှန့်ဝေတုန်းကလို လုပ်မည်ကိုပင်။စိတ်ကို အကြိမ်ကြိမ်ပြင်ဆင်ပြီးမှ ဖွင့်ပြောခဲ့သော်လည်း သူမရဲ့ သဘောထားကြောင့် များစွာ အံသြရလေသည်။

စားစရာတွေရောက်လာတော့ ရှောင်နိုင် မုယောင်းနှင့် ရှောင်းမု သုံးယောက်စလုံး ရီကာ မောကာ စားသောက်ကြလေသည်။စားသောက်ပြီးချိန်တွင် ရှောင်နိုင်နှင့် ရှောင်းမုမှာမူ အလွန် တည့်နေလေသည်။ဘယ်လောက်များလဲဆိုရင် မုယောင်းအား 100% discount ချကာ ရှောင်နိုင်နဲ့ ထည့်ပေးလိုက်လေသည်။ညကျ ပြန်မလာခဲ့နဲ့ ဟုပင် ပြောလိုက်သေးသည်။

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now