part 26

3K 404 19
                                    

ညနေပိုင်းတွင် အားလုံး အိမ်ပြန်ရောက်ကာ လူစုံနေကြသည်။ခါတိုင်း ထမင်းစားပွဲတွင် တည်ငြိမ်စွာပင်။

"ကော ငါအပေါ်တက်တော့မယ် ငါမစားချင်တော့ဘူး"

"ရှန့်ဝေ မင်းရင်ဆိုင်ဖို့အတွက် အားမွေးစမ်း ကုန်အောင်စားပြီးမှ သွားရမယ်"

အားလုံး ရှန့်ဝေကို ထူးဆန်းသလို ကြည့်တော့မှ မုကျိုးက ချောင်းတစ်ချက်ဟန့်ကာ

"မနက်ဖြန် အိမ်ကို လူတစ်ယောက်လာမယ် "

"ဘယ်သူလဲ "
အလွန် စပ်စု​သော မုယောင်း၏ အမေးကို မုကျိုးက အကြည့်တစ်ချက်ဖြင့်သာ ဖြေလိုက်ရာ မုယောင်းခင်ဗျာ လက်ပင် တုန်လာလေသည်။

"မုကော ရှောင်းမု ပြောစရာရှိတယ်"

"အင်း"
ဇွန်းလေးကို အသာချကာ မျက်လွှာလေးကို ပင့်ရင်းအပြုံးလေးဖြင့်
(မာယာတွေ မာယာတွေ)
"ကော အရင်တစ်ခါ အိမ်ကိုလာတဲ့ အားဝေကို သိတယ်မို့လား"

"မသိဘူး"
(Aww A ဆွံ့ အ)

"ဟိုလေ ဖန့်ကော..ဖန့်ကော သိတယ် သူ့ကို အိမ်မှာ ငါနဲ့အတူ ခေါ်ထားချင်လို့ အဲ့တာ"

"မရဘူး အပြင်လူကို လက်မခံချင်ဘူး"

"သူက အပြင်လူမှ မဟုတ်တာ.. ဖန့်ကော..ဖန့်ကောရဲ့ရည်စား ဟုတယ်မဟုတ်လား ဖန့်ကော"

"အင်..ဟုတ်..ဟုတယ် အားဝေက ကျတော့ကောင်မလေး ခေါ်ထားလို့ရလား"

အသည်းအသန် ငြင်းပြီးသည့်နောက် မရသည့်အဆုံး ထမင်းစားပွဲသာ သိမ်းခဲ့ရသည်။

မလျော့သော ဇွဲလုံ့လဖြင့် သစ်သီးတွေ ခွဲကာ မုကျိုးအခန်းသို့ သွားသူ နှစ်ယောက်။
ရှောင်းမုက အသီးပန်းကန်လေးကိုင်ကာ ဖန့်အာက ဖျောရည်ခွက်လေးကိုင်လာလေသည်။

အခန်းထဲရောက်ရောက်ချင်း ပန်းကန်လေးတွေချကာ

"ကော ခွင့်ပြုပါနော်...နော်လို့"

"မရဘူး"

"ကော "
ရှောင်းမု မျက်ရည်တွေဝဲကာ အော်လိုက်သည်။

ထိုအချိန်တွင် မုကျိုး သက်ပြင်းအရှည်ကြီးချကာ ပြောလိုက်သည်က

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now