part 32(ပန်းသွေးရောင် ပါးပြင်)

2.9K 375 14
                                    

ဖန့်အာနဲ့ အားဝေ ထွက်သွားတာနဲ့ တစ်ပြိုက်နက် ရှောင်းမုသည် မုကျိုးအခန်းသို့ လိုက်ကာ ပန်းချီဆွဲလေ့ကျင့်ရသည်။

တစ်ခါတစ်ခါ သူမသည် မုကျိုးအား မသိမသာ မျက်စောင်းထိုးနေမိသည်။ဒါကို ရိပ်မိသည့် သူက ထိုင်ရာမှ ထလာကာ နဖူးကို ခပ်ပြင်းပြင်းလေးတောက်လိုက်ရင်း

"ဘာတွေ အလိုမကျနေတာလဲ "

"ဘာကို အလိုမကျရမှာလဲ ဒီနေ့အပြင်သွားမယဆိုပြီး မိတ်ကပ်တွေ ပြင်ထားရတာ ဒီမှာကြည့် ကြည့်ကြည့်"

ပန်းနုရောင်သန်းနေတဲ့ သူမရဲ့ ပါးလေးကို လက်လေးနဲ့ အသာထိရင်း ပြနေလေသည်။ရှောင်းမုက သာမန်ပေမယ့် မုကျိုးရင်ထဲကား ကုလားဘုရားပွဲလှည့်နေလေသည်။

ပါးမို့မို့ထက်က ပန်းနုရောင်သန့်နေတဲ့ နေရာလေးရယ် ကိုယ်သင်းနံ့  အေးအေးလေးရယ် ဆံနွယ်တွေက ရရှိတဲ့ ရှန်ပူနံ့ လေးရယ် မှိတ်ထားတဲ့ မျက်ဝန်းတွေပေါ်က မျက်တောင်စင်းစင်းလေးတွေရယ် တွေ့ကြည့်လေ သမာဓိမခိုင်လေပင်။

သူတို့နှစ်ဦးလုံး သတိပြန်ဝင်လာချိန်တွင် မုကျိုး၏ နှုတ်ခမ်းသားတွေက သူမရဲ့ ပါးပြင်ထက်သို့ ရောက်နေနှင့်လေပြီ။

ရှောင်းမု မျက်လုံးတွေက ပြူးကျယ်စွာ သူ့ကို ကြည့်နေရင်း အံသြနေလေသည်။သူကလည်း အံသြစွာပင် မင်သက်နေသော်လည်း နှုတ်ခမ်းနှစ်လွှာက သူမရဲ့ ပါးပြင်ထက်က မခွာသေး။

ရှောင်းမုက အတော်ကြာမှ သတိဝင်လာကာ တွန်းထုတ်လိုက်လေသည်။ရှက်ရှက်နှင့်းအပြင်ကို ပြေးထွက်ကာ မိမိအခန်းသို့သာ ပြန်လာခဲ့လိုက်သည်။အခန်းထဲ ရောက်ရောက်ချင်း တံခါးကို လော့ချကာ တဒုန်းဒုန်းခုန်နေသော ရင်ဘက်ကို လက်နဲ့ ဖိထားမိသည်။မျက်နှာထက်က ပါးနီးတွေက ပိုပြီးတောင် ရဲလာဟန်ရှိသည်။

အခန်းထဲတွင် မုကျိုးသည်လည်း ခြေမကိုင်မိ လက်မကိုင်မိ။ဘယ်ကဘယ်လို နမ်းလိုက်မိမှန်းပင် မသိ။ရှက်သည်မှန်သော်လည်း နောင်တတော့မရ။သူမရဲ့ ပါးပြင်ထက်က ချိုမြိန်မှုတွေက နှုတ်ခမ်းထက်တွင် အခုထိ ရှိနေဆဲ။

မိမိနှုတ်ခမ်းကို လက်ဖြင့် ကိုင်ကာ တွေးမိတော့ နှုတ်ခမ်းတွေက အလိုလို ပြုံးယောင်သန်းလာလေသည်။

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now