part 35

2.8K 327 18
                                    

ရှန့်ဝေနှင့် သွဲ့ထန်မှတစ်ပါး အားလုံး အိမ်ပြန်လာကြလေသည်။ထိုနှစ်ယောက်မှာမူ ဟန်နီးမွန်း ထွက်သွားလေ၏။
(A\N ​ပျော်ထာ တစ်တွဲပြုတ်ပြီ)

အိမ်ရောက်ရောက်ချင်း မုကျိုး စိတ်ကို ဒုန်းဒုန်းချကာ စဉ်းစားရလေသည်။မိုးလင်းခါနီးမှ ပင်ပန်းကာ အိပ်ပျော်သွားလေသည်။

.
.
.

နောက်တစ်နေ့မနက်ခင်းတွင် အားလုံး စုံညီစွာ မနက်စာစားကြလေသည်။ဟိုစုံတွဲမှ အပ။

ဖန့်အာက လူကြီးလူကောင်းပုံစံဖမ်းကာ ချောင်းဟန့်လိုက်ရင်း

"ကောတို့အားလုံးပဲ ကျတော်ပြောစရာရှိတယ်"

ဖန့်အာ စကားကြောင့် အားလုံး ဇွန်းခရင်းတွေချကာ ကြည့်မိကြသည်။မုကျိုးမှာ အိပ်ရေးမဝတာက တစ်ကြောင်း မနက်စာကောင်းကောင်းမစားရတာက တစ်ကြောင်း အတော်စိတ်တိုနေလေသည်။ဖန့်အာက မက်တပ်ရပ်ကာ ခါးကိုကိုင်းရင်း ခေါင်းပါငုံ့ချလိုက်သည်။မသိရင် အပြစ်ဝန်ခံနေသလိုပင်။

ပြီးမှ ခါးကို ပြန်မတ်ကာ ပြောလိုက်လေသည်။

"ကျတော်နဲ့ အားဝေ တကယ်ရည်းစားဖြစ်သွားပါပြီ"

"အင်း ပြောလို့ပြီးပြီလား ငါဆက်စားတော့မယ်"
မုကျိုးစကားကြောင့် ဖန့်အာ ဝမ်းနည်းသွားလေသည်။မျက်ရည်တွေဝဲကာ

"ကော ဂုဏ်ပြုစကားတောင်မပြောဘူးလား"

"အေး congratulations ''

ထိုသို့ပြောမှသာ နည်းနည်း ပြန်အဆင်ပြေလေသည်။

ရှောင်းမုက သူ့ပန်းကန်ထဲရှိ sandwich က ပါလာသည့် ဆလပ်ရွက်တွေကို မုကျိုးပန်းကန်ထဲကို ပြောင်းထည့်နေလေသည်။မုကျိုးကလည်း ပြုံးပြုံးပင် ကောက်စားနေလေသည်။ဒါကိုမြင်သည့် မုယောင်းက

"ကော ကောစားနေတာ ဆလပ်ကြီးနော် မကြိုက်ဘူးမို့လား ပေးပေး ကျတော်စားပေးမယ်"

လက်သွက်ခြေသွက် ဆလပ်ရွက်ကို ဇွတ်ခနဲ့ ယူလိုက်တော့ မုကျိုးက စားရဲရင် စားလိုက်လေ ဟူသော မျက်နှာပေးနဲ့ ကြည့်လေသည်။မုယောင်းခင်ဗျာ လက်တုန်တုန်နဲ့ ဆလပ်တွေကို ပြန်ထည့်ပေးလိုက်ရသည်။ထိုမှ ငြိမ်နေသည့်
မုယွင့်က ကော်ဖီသောက်ရင်း ဝင်ပြောလိုက်သည်။

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now