part 47(လျန်း)

2.4K 304 44
                                    

မုယွင့်က ထိုလူခေါ်ရာနောက်သို့ လိုက်ပါလာရင်း cafe တစ်ခုထဲသို့ ရောက်ရှိသွားလေသည်။
သူက လူကြီးလူကောင်းဆန်စွာ ခုံကို ဆွဲပေးကာ မုယွင့်အားထိုင်စေသည်။မုယွင့်က အနည်းငယ် ထူးဆန်းနေသော်လည်း အလိုက်သင့်လေးပင် အဆင်ပြေသွားလေသည်။ထို့နောက် စားစရာအချို့ကို မှာလိုက်လေသည်။ပြီးမှ ထိုလူက စတင်၍

"အသဲကွဲနေတာလား"

"ဟင် အော် ဆိုပါတော့ ဒါနဲ့ မင်းနာမည်က''

"လျန်း"

"အော် ကိုယ်က မုယွင့်ပါ ကို့ထက် အသက်ငယ်မယ်ထင်တယ်"

"အင်း ရှောင်းမုနဲ့ အသက်တူတူပါပဲ"

"အား မုလေးကို သိတယ်လား သူငယ်ချင်းလား"

"ဟက် ဆိုပါတော့ အရမ်းကောင်းတဲ့ သူငယ်ချင်းကောင်းတွေပေါ့"

"အော် ကိုနဲ့ သူငယ်ချင်းလုပ်မလား"

"ဟင် ထင်မထားဘူး"

"ဟင်"

"ယွင့်ကောကို အေးစက်စက်ကြီးလို့ ထင်ထားတာ"

"အင်း အေးစက်စက်နေလည်း ပင်ပန်းနေရုံပဲလေ အရှိန်အဝါဆိုတာ ကိုယ်တကယ်ခံစားရတဲ့အချိန်မှ အရေးမပါမှန်းသိတော့တယ်"

"အရှိန်အဝါ ..ဟက်.... အရေးမပါဘူးတဲ့လား ထားပါတော့"

"ဒါနဲ့ မင်းကရော မုလေးလို ကျောင်းနားလိုက်တာလား"

"မဟုဘူး ကျတော်က နိုင်ငံခြားမှာတတ်တာ အားလပ်ရက်မို့လို့ ခနပြန်လာတာ"

"အော် အိမ်ကို လိုက်ခဲ့မလား မုလေးနဲ့ တွေ့ရတာပေါ့ "

"အင်း ကောင်းသားပဲ"
ပြုံးနေတဲ့ သူ့ရဲ့မျက်နှာအောက်က ရန်ငြိုးတွေကို မြင်နိုင်သူမရှိခဲ့။

မုယွင့်က ကော်ဖီကို အေးအေးသာ သောက်ရင်း ပြုံးနေလေသည်။စားသောက်ပြီးမှ သူ့အား အိမ်သို့ ဖိတ်လိုက်လေသည်။

.
.
.

စံအိမ်ထဲသို့ ခြေ ချသည်နှင့်တစ်ပြိုင်နက် သူ့မျက်ဝန်းတွင် မျက်ရည်စတွေ စို့နင့်လာရလေသည်။
ဒီနေရာကို လာဖို့အတွက် သူ့ရဲ့ မျက်နှာကို စတေးခဲ့ရသည်။
နာကျင်မှုကို အံတုကာ အကြိမ်ပေါင်းများစွာ ခွဲစိတ်ခံခဲ့ရသည်။သေလောက်အောင် နာကျင်ခံစားခဲ့ရသည်။သူနေခဲ့တဲ့ အငွေ့အသက်တွေ.....ဘယ်လောက်တောင် စောင့်နေခဲ့လိုက်မလဲ။

နင့်သမိုင်းကို ငါပြောင်းပြန်လှန်မယ် (Complete)Where stories live. Discover now