Part -2 ~ First Meet

32.1K 2K 24
                                    

Hate is Love

Unicode

ညနေတည်းက ငိုထားတာမလို့ မျက်လုံးများကမို့ကာ ဖောင်းအစ်နေသည် စိတ်ညစ်ညစ်နဲ့အရက်သောက်ဖို့ အောက်ထပ်ကိုဆင်းလာတော့ ပါးနဲ့ကောင်လေးတစ်ယောက် ။

အိမ်ကိုတစ်ခါမျှ သူစိမ်းခေါ်မလာဖူးတဲ့ပါးက
ထူးဆန်းစွာဖြင့် အိမ်ကိုလူတစ်ယောက် ခေါ်လာသတဲ့လား။

"ရိပေါ် လာထိုင်ဦး မိတ်ဆက်ပေးမယ်''

ရိပေါ်လဲ စကားအများကြီးမပြောချင်သောကြောင့် ဆိုဖာပေါ်မှာဝင်ထိုင်လိုက်သည်။

" ပါး သူကဘယ်သူလဲ''
ရိပေါ်ကမေးလိုက်တော့ ထိုကောင်လေးက ရိပေါ်ကိုပြုံးပြုံးလေးနဲ့နှုတ်ဆက်သည်။

"အင်း ပါးသူငယ်ချင်းရဲ့သား အခုလောလောဆယ် အခြေနေတစ်ခုကြောင့်ပါးတို့အိမ်မှာအတူနေဖို့
ဖြစ်လာလို့ ''

"သား ဒါကဦးရဲ့သား ဝမ်ရိပေါ်တဲ့''

"အာ...ဟုတ်ကဲ့ ကျွန်တော်က
ရှောင် ရှောင်ကျန့်ပါ''
ရှောင်ကျန့်ကလက်ဆွဲနှုတ်ဆက်ဖို့
လက်ကမ်းလိုက်တော့ ဝမ်ရိပေါ် ကြောင်ပြီးကြည့်နေမိသည်ဒီကောင်လေးက တကယ်လှသည် အပြစ်ကင်းစွာပြုံးနေတဲ့အပြုံးရယ်၊ အပြုံးအောက်ကမှဲ့ နက်ကလေးရယ် တကယ်ကိုဆွဲဆောင်မှုရှိသည်။ မရည်ရွယ်ဘဲမျက်လုံးက နှုတ်ခမ်းလေးဆီရောက်တဲ့အခါ ရေငတ်သွားသလိုပင်။

"ရိပေါ် ရှောင်ကျန့်လေးအတွက် အခန်းလိုက်ပြလိုက်ပါဦး''

"ဟုတ်ကဲ့ပါး''
ရိပေါ်လဲဘာမှဆက်မပြောတော့ဘဲ ရှေ့ကထွက်လာတော့ အနောက်ကရှောင်ကျန့်က လိုက်လာသည်။ လှေကားပေါ်တက်တော့ luggage အိတ်ကြောင့် အခက်အခဲ ဖြစ်နေသောကြောင့် ရိပေါ်, ရှောင်ကျန့်ရဲ့အိတ်ကိုကိုင်ပြီး အပေါ် တက်သွားလိုက်သည်။ ရိပေါ်ရဲ့မျက်စောင်းထိုးအခန်းတံခါးကိုဖွင့်ပြီး luggageအိတ်ကိုချပေးလိုက်သည်။
"မင်းနေရမယ့်အခန်းပဲ ''

"အာ...ဟုတ်ကဲ့ ကျေးဇူးပါ''
ရိပေါ် လည်းဘာမှထွေထွေထူးထူး
ထပ်ပြောမနေတော့ဘဲ ပြန်လာခဲ့လိုက်သည်။ ခုနကဝိုင်သောက်မို့အောက်ထပ်ကို ဆင်းပေမယ့်မယူလာလိုက်ရသောကြောင့် ရိပေါ်ဝိုင်ယူဖို့ဆင်းလာသည် ရိပေါ်ဝိုင်ပုလင်းနဲ့ ဝိုင်ခွက်ကိုယူပြီး အပေါ်တက်မလို့လုပ်နေစဥ်..

Hate is Love  { Complete }Where stories live. Discover now