Part-25~Husband Material

17.7K 1.2K 81
                                    

Hate is love

Zawgyi

ရိပေါ်နိုးလာတော့သူ့ဘေးက သူ့အသက်လေးက ခုထိမနိုးသေး ရိပေါ်ကရှောင်ကျန့်ရဲ့မဆိုသလောက်လေး ပူနေတဲ့ဗိုက်လေးကိုနမ်းလိုက်သည် ပထမဆုံးဗိုက်မို့ ဗိုက်ပူတာလေးကမသိသာ ဗိုက်ချပ်ချပ်မှာ စူထွက်နေတာလေးကအသည်းယားစရာပင်။

သူ့အတွက်ကလေးရောက်လာတော့
အလုပ်တစ်ခုထပ်တိုးရပြန်ပြီ နိုးတိုင်း ရှောင်ကျန့်ရဲ့နှုတ်ခမ်းလေးကို နမ်းတာရယ် ဗိုက်ဆူဆူလေးကိုနမ်းတာရယ်က သူ့ရဲ့မနက်ပိုင်းအလုပ်ပေါ့ ။

ရိပေါ်အဝတ်စားလဲပြီးတဲ့အချိန်ထိရှောင်ကျန့်ကမထသေးတာမို့ရိပေါ်က ရှောင်ကျန့်ပါးလေးကို တရူံရူံနမ်းတော့လူးလွန့်ပြီးနိုးလာတဲ့ ဗိုက်ကြီးသည်လေး။

" ယားတယ် ရိပေါ် ''

"ထတော့ ရုံးသွားရဦးမယ်မလား ဒါမှမဟုတ်အလုပ်နားလိုက်ပါလား ''

"ဘာကျန့်ကိုအိမ်မှာပဲနားခိုင်းပြီး အပြင်မှာကောင်မလေး တွေနဲ့သာယာမလို့ပေါ့လေ ''

"အာ ကိုယ်ပြောတာအဲ့လိုမဟုတ်ဘူးလေကျန့်ရယ် ''

" ဖယ် ''
ရှောင်ကျန့်ကရိပေါ်ကိုတွန်းပြီးရေချိုးခန်းထဲ
စောင့်စောင့်အောင့်အောင့်ဝင်သွားသည် သူရေချိုးခန်းထဲဝင်တော့ ဘေစင်ပေါ်အဆင်သင့်
တင်ပေးထားတဲ့သွားတိုက်တံနဲ့သွားတိုက်ဆေးကြောင့် သူပြုံးမိပြန်သည် ။

ရေချိုးပြီးထွက်လာတော့လဲ သူ့အတွက် အဝတ်စားတွေကြိုထုတ်ထားပေးသည် ရှောင်ကျန့်လည်း ရိပေါ်ထုတ်ပေးထားတဲ့ suitကိုဝတ်ပြီး အောက်ထပ်ကိုဆင်းလာတော့ မနက်စာပြင်နေတဲ့ သူ့ယောက်ျား။

" ယောက်ျား( လောင်ကုန်း) '' ရှောင်ကျန့်ကမနက်စာပြင်နေတဲ့ ရိပေါ်နောက်ကျောကို ပြေးဖက်လိုက်သည် ။

"နိုးပြီလား ခဏနော် ကိုယ်မနက်စာလုပ်နေတာ ပြီးတော့မယ်''

"လုပ်တက်လို့လားယောက်ျားရယ် ကျန့်လုပ်မှာပေါ့ ''

Hate is Love  { Complete }Where stories live. Discover now