Part -11 ~ Can't let you go 🔞🚨

20.1K 1.3K 32
                                    

Hate is Love

Zawgyi

This part is rated part if ur not old enough u shouldn't read it!!! 🔞🚨

အိပ်ခန်းထဲကရိပေါ်ဟာလဲ အသံတိတ်ငိုကြွေးနေသလို ဧည့်ခန်းထဲက ကျန်ခဲ့တဲ့ရှောင်ကျန့်မှာလည်း စိတ်မကောင်းချင်းများစွာနဲ့ပဲ
ထိုင်နေရသည် ။

သူရိပေါ်ကိုမခံစားစေချင်ပေမယ့်၊ သူပြောလိုက်လို့ရိပေါ်ရဲ့မျက်ဝန်းထဲက ဝမ်းနည်းမှုတွေမြင်နေရသော်လည်း သူ့ကိုမုန်းစေဖို့ ဒီနည်းအပြင်မရှိ ။

ရှောင်ကျန့်အခန်းထဲဝင်တော့ ရိပေါ်ကအိပ်ပျော်နေပြီ ရိပေါ်ဘယ်လောက်တောင်ငိုထားလဲမသိ။ ပါးပေါ်မှာမျက်ရည်စီးကြောင်းခြောက်ရာတွေနဲ့ လက်ကလည်း ဆေးမထည့်ထားတဲ့အပြင် သွေးတွေပါခြောက်နေပြီမို့ ရှောင်ကျန့် ရေနွေးလေးနဲ့အနာကို သုတ်ပြီး လက်ကိုဆေးထည့်ပေးလိုက်သည်။

ရှောင်ကျန့်ရိပေါ်လက်က ဒဏ်ရာတွေမြင်ပြီး မျက်ရည်ကျမိပြန်သည် ရိပေါ်နိုးသွားမှာစိုးသဖြင့် လက်နဲ့အုပ်ပြီး အသံမထွက်အောင် တိတ်တဆိတ်ငိုကြွေးမိသည် ။

" ရိပေါ်ကျန့်ကို အရမ်းပဲစိတ်ပျက်သွားလား ကလေး ကလေးအကြောင်းကိုတော့ ရိပေါ်ကိုမပြောပြခဲ့တော့တာ ခွင့်လွှတ်ပါ စိတ်ချပါ ကျန့်လေ ကျန့် ရိပေါ်ရဲ့ ရင်သွေးလေးကိုမွေးမှာပါ ရိပေါ်ရဲ့ခွင့်ပြုချက်မပါဘဲ ကလေးကိုမွေးလို့ စိတ်တော့မပျက်ဘူးမလား ကျန့်ရိပေါ်ကိုချစ်တယ် ရိပေါ်ကို မြင်မြင်ချင်းတည်းကချစ်ခဲ့ရတာ ရိပေါ် ကျန့်အပေါ်ဘယ်လိုစိမ်းကားနေပါစေ ရိပေါ်ကိုချစ်တာမပြောင်းလဲဘူး ကျန့်ရဲ့ဘဝတစ်ခုလုံးက ရိပေါ်ပါပဲ ''

ရှောင်ကျန့်ရိပေါ် မျက်နှာကိုလက်မလေးနဲ့ ကိုင်လိုက်တော့ ရိပေါ်ရဲ့မျက်ခုံးတွေလှုပ်လာတာကြောင့် ရှောင်ကျန့်တစ်ဖက်ကို အမြန်လှည့်လိုက်ပြီး အိပ်ချင်ယောင်ဆောင်လိုက်သည် ထိုနေ့ကသူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကျောခိုင်းကာ အေးတိအေးစက် အိပ်စက်လိုက်ကြသည် ။

ရိပေါ်နိုးလာကာ ဘေးကိုယောင်ရမ်းပြီးစမ်းလိုက်တော့ အေးစက်စက် အထိအတွေ့သာ ရိပေါ်ထကြည့်လိုက်မိတော့အခန်းထဲမှာ ရှောင်ကျန့်ကရှိမနေတော့ ရိပေါ်အခန်းအပြင်ကို ထွက်လိုက်တော့ မီးဖိုချောင်မှာဟင်းချက်နေတဲ့ ရှောင်ကျန့်ကိုတွေ့လိုက်သည် သူရေခဲသေတ္တာထဲက ဝိုင်ပုလင်းကိုယူပြီးသောက်ကာရှောင်ကျန့် အခြေနေကိုအကဲခတ်ကြည့်တော့ သူ့ကိုလည်းလှည့်မကြည့် သူ့အလုပ်သူသာလုပ်နေသည်။ ရိပေါ်ကိုလည်းစကားမပြောတာမို့ သူလည်း မီးဖိုချောင်ထဲက ထွက်လာပြီး အလုပ်သာထိုင်လုပ်နေလိုက်သည် ။

Hate is Love  { Complete }Where stories live. Discover now