Part -7 ~ Diary Book

19.6K 1.4K 34
                                    

Hate is Love

Zawgyi

( ဒီအပိုင်းလေးကို Heize ရဲ့ You're cold သီချင်းလေးနဲ့ ဖတ်ဖို့ suggest လုပ်လိုက်ပါတယ် သီချင်းထဲက စာသားအတိုင်း ပိုချစ်တဲ့ သူက ပိုပီး နာကျင်ရတယ် )

ဒီနေ့ရုံးကို ရင်းနှီးမြှပ်နှံတဲ့ သူလာမှာမို့ရုံးကို စောစောရောက်နေတယ် ညကရှောင်ကျန့်နှောက်ထားလို့ မပြီးပျက်သေးတဲ့ အလုပ်တွေဆက်လုပ်နေရသည် ။

ဒေါက် ~ ဒေါက် ~

'' သူဌေး ရင်းနှီးမြှပ်နှံမယ့်လူရောက်နေပါပြီ ''

'' ကောင်းပြီ ၀င်လာခိုင်းလိုက် ''

အတွင်းရေးမှူးယွီပင်းထွက်သွားပြီး ရင်းနှီးမြှပ်နှံမယ့်သူလို့ထင်ရတဲ့ အမျိုးသမီးတစ်ယောက်ဝင်လာသည် ရိပေါ်ထိုအမျိုးသမီးကို မော့ကြည့်လိုက်တော့ အကျီ လည်ဟိုက်နဲ့ style pants ကိုဝတ်ထားပြီး နှုတ်ခမ်းနီနီနဲ့ ထိုမိန်းမက အခြားယောက်ျားတွေကို မြူစွယ်ဖို့လားတောင်ထင်ရသည် ရိပေါ်ကတော့ ထွေထွေထူးထူးတွေးမနေတော့ဘဲ ရင်းနှီးမယ့် လုပ်ငန်းအကြောင်းပဲ ပြောနေလိုက်သည် ၊၊

'' သူဌေးဝမ်ကအရမ်းခန့်တာပဲနော် ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းတွေအများကြီးစီမံဖို့ဆိုတာ လူတိုင်းလုပ်နိုင်တဲ့ အရာမဟုတ်ဘူး အထင်ကြီးလောက်စရာပဲ ''

'' အာ အဲ့ဒါကကျွန်တော့်ကြောင့်ချည်းပဲ မဟုတ်ပါဘူး ကျွန်တော့အိမ်ထောင်ဖက်ရဲ့ကျေးဇူးကြောင့်လဲပါတယ် သူ့ကြောင့်ကျွန်တော်အခုလို အောင်မြင်နေရတာပါ ''

ရိပေါ် ကသူ့ကို ပေါ်တင်ရေလာမြောင်းပေးနေတာမို့ အိမ်ထောင်သည်မှန်းသိအောင် စကားကိုပညာသားပါပါနဲ့ပြောပြီး လက်ထပ်လက်စွပ်ဝတ်ထားတဲ့ လက်ကိုတမင်ထုတ်ပြလိုက်သည် ။

'' အော် သူဌေးဝမ်က အိမ်ထောင်သည်လား မထင်ရဘူးနော် ''

'' ရှဲရှဲ ''

ရိပေါ်ကစကားလမ်းကြောင်းလွှဲလိုက်တာမို့ အလုပ်အကြောင်းသာ ဆက်ပြောဖြစ်ကြသည် ထိုအမျိုးသမီးဘက်ကလဲ ဘာမှဆက်မပြောဘဲ ငြိမ်သွားသည် ။

Hate is Love  { Complete }Where stories live. Discover now