Part -10 ~ Reasons for problem

18.2K 1.4K 48
                                    

Hate is Love

Zawgyi

ရိပေါ်မနက်နိုးလာတော့ ဟိုတယ်အိပ်ခန်းတစ်ခုမှာ သူညကသောက်ထားတဲ့အရှိန်ကြောင့် ထလာတော့ခေါင်းကိုက်နေတာမို့ မျက်ခုံးနှစ်ခုကြား လက်ညိုးနဲ့နှိပ်နယ်ကာ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ကုတင်ဘေးကခုံမှာ Sticky noteနဲ့ရေးထားတဲ့စာကို တွေ့တာမို့ယူဖတ်လိုက်သည် ။

မနေ့ကညက ပျော်ခဲ့ပါတယ်
       Stella

စာရေးထားတဲ့အောက်နားမှာ နှုတ်ခမ်းနီရာအမှတ်အသား ရှိနေသည် ရိပေါ်ကိုယ့်ကိုယ်ကိုပြန်ကြည့်လိုက်တော့ ကုတ်အကျီက ကုတင်အောက်မှာပြန့်ကျဲနေပြီး အပေါ်ပိုင်းကဗလာနဲ့ ဘောင်းဘီကတော့ ခါးပတ်တောင်မချွတ်ထားသည်မို့ဘာမှမဖြစ်ခဲ့သည့် အခြေအနေမှန်း ရိပ်မိလိုက်သည်။

"ဘာလဲကွာ...''

ရိပေါ်စိတ်ရူပ်စွာနဲ့ခေါင်းကိုဖွလိုက်ပြီး စာရွက်ကိုလုံးခြေကာလွင့်ပစ်လိုက်သည်။

ရှောင်ကျန့် ချိန်ထားသည့်အချိန်ရောက်နေပြီမို့ မသွားချင်သော်လည်း သွားဖို့လုပ်လိုက်ရသည် ရှောင်ကျန့်ရောက်တော့ခုံမှာ ကိုယ်ကြပ်အကျီအတိုနဲ့ ခြေထောက်ချိတ်ထိုင်နေသည့် လီအာက အခြားယောက်ျားတွေအမြင်မှာ ဆွဲဆောင်မှုရှိကောင်းရှိလိမ့်မယ် ရှောင်ကျန့်ကတော့ သူ့ကိုမြင်ရတာခေါင်းကသွေးတွေပြောင်း ပြန်စီးသွားသလားထင်ရအောင်ပင်
ဒေါသထွက်မိသည် ။

"အာ...နင်လာမှလာပါ့မလားလို့ ထိုင်လေ မထိုင်ဘဲဘာရပ်ကြည့်နေတာလဲ''

" ငါတို့တွေ့ဖို့အကြောင်းရှိလို့လား ''

"ဒါပေါ့ နင်ကမသိချင်ပေမယ့် ပြောပြပေးရမယ့်တာဝန်ရှိတယ်လေ ''

"ငါကမင်းအပေါ်ဘာများ အမှားလုပ်ခဲ့မိလို့လဲ ဘာလို့ငါ့ကိုအနှောက်ယှက်ပေးနေရတာလဲ''

"အဟက် ဒါပေါ့နင်မသိဘူး ဘယ်တော့မှလည်း သိလာမှာမဟုတ်တော့ ငါကပြောပြပေးရတာပေါ့ ''

"နင့်ကိုလိုက်ကြိုက်ခဲ့တဲ့ စိနီယာ ယွန်အာလေ အဲ့တာကငါ့အစ်ကိုပဲ ငါ့အစ်ကိုကနင့်ကိုကြိုက်လို့ လူအများကြီး ရှေ့မှာဖွင့်ပြောခဲ့တာတောင်နင်က လိင်တူချင်းမကြိုက်ဘူးဆိုပြီးငြင်းခဲ့တယ်လေ နင့်ကြောင့်ငါ့အစ်ကိုဘယ်လောက်အရှက်ကွဲ ခဲ့ရလဲသိလား ငါတို့အသိုင်းဝိုင်းထဲမှာ ငါ့အစ်ကိုကဖယ်ကျဉ်ခံရပြီး အဖေကရဲ့ပြစ်တင်ရူံ့ချခြင်း လည်းခံခဲ့ရတယ်

Hate is Love  { Complete }Where stories live. Discover now