Part-36~Beauty daughter

11.4K 943 69
                                    

Hate is Love

Zawgyi

ရှောင်ကျန့်ဗိုက်က တဖြေးဖြေးလရင့်လာလေ ရိပေါ်မှာစိတ်မချနိုင်လေဖြစ်နေရသည် ပထမဗိုက်မွေးတုန်းကသူအလုပ်လုပ်နေတုန်း ချော်လဲသွားတာမို့အခုတော့ ဒယ်ဒီဝမ်က ဗိုက်စောင့်နတ်လုပ်နေရသည် ။

ရိပေါ်ကအားရင်အားသလို မင်ယူ့ကိုထိန်းလိုက် ရှောင်ကျန့်စားချင်တာတွေပြေးဝယ်ပေးလိုက်နဲ့ အလုပ်ကိုရူပ်နေရောပဲ ရှောင်ကျန့်ဗိုက်လရင့်လတည်းက အလုပ်တွေအကုန်လုံးကိုအိမ်ကိုပဲသယ်လာပြီးသာ အလုပ်လုပ်တော့သည် ။

" ကျန့်ဘယ်သွားမလို့လဲ ''

"နွားနို့သွားထည့်မလို့လေ ''

" ထိုင်နေကိုယ်သွားယူပေးမယ် ''
တစ်ချိန်လုံးဆိုဖာပေါ်မှာထိုင်နေပြီး အခုမှထကာ နို့လေးသွားယူမို့ကို အထကိုမခံ ။

" သားလာပါဦး ပါးပါးဆီ ပါးပါးသားလေးက လိမ္မာနေပြီပဲ ''
ရှောင်ကျန့်က သားလေးကိုချီပြီး မျက်နှာအနှံနမ်းတော့ မင်ယူလေးကပြုံးလို့ ရိပေါ်ကနွားနို့ယူပြီးပြန်လာတော့ သားကိုမြှောက်ချီထားတဲ့ရှောင်ကျန့်ဆီအပြေးသွားသည်။

" ကျန့်ရယ် ဂရုစိုက်ပါဆို ဗိုက်ထဲမှာသမီးလေးရှိသေး
တယ်လေမင်ယူ့ကိုချီမနေနဲ့ဦး သူကတဖြေးဖြေးနဲ့ ကြီးလာတာကျန့်နိုင်မှာမဟုတ်ဘူး ''

" ရိပေါ်ရယ် ကိုယ့်သားကိုယ်တော့နိုင်ပါတယ် ''

" နိုင်လဲမချီရဘူး ''
ရိပေါ်ကရှောင်ကျန့်ဆီက မင်ယူလေးကိုလက်လွှဲပြီး ယူလိုက်တော့ မင်ယူလေးကရိပေါ်ဆီမလိုက်ချင်တာမို့ အတင်းကိုရုန်းကန်နေသည် ရိပေါ်ကလဲမလျော့ဘူး အတင်းခေါ်တာမို့ မင်ယူကရိပေါ်မျက်နှာကို အတင်းရုန်းပြီးကန်တော့သည် ။

" နိုင်လဲမချီရဘူး ''ရိပေါ်ကရှောင်ကျန့်ဆီက မင်ယူလေးကိုလက်လွှဲပြီး ယူလိုက်တော့ မင်ယူလေးကရိပေါ်ဆီမလိုက်ချင်တာမို့ အတင်းကိုရုန်းကန်နေသည် ရိပေါ်ကလဲမလျော့ဘူး အတင်းခေါ်တာမို့ မင်ယူကရိပေါ်မျက်နှာကို အတင်းရုန်းပြီးကန်တော့သည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Hate is Love  { Complete }Where stories live. Discover now