Part -12 ~ Good Bye My love

19.8K 1.4K 76
                                    

Hate is Love

Zawgyi

( ထည့်ထားတဲ့ suggesting song လေးနဲ့ တွဲနားထောင်ပီး Feel ကျပါလို့ အကြံပေးလိုက်ပါတယ်:')

ရိပေါ်အိပ်နေရင်း ဖုန်းvibration သံ အဆက်မပြတ်မြည်လာသံကြောင့်နိုးလာသည် ဝိုင်တစ်ပုလင်းလုံး သောက်ထားသည့်အရှိန်ကြောင့် ခေါင်းတွေထိုးကိုက်ပြီး နာရီကိုလှမ်းကြည့်လိုက်တော့ 1နာရီပင်ကျော်နေပြီ ရိပေါ်မျက်ခုံးနှစ်ခုကြား လက်ညိုးနဲ့နှိပ်နယ်ကာထိုင်နေမိသည် နောက်တစ်ခါ ထပ်ဝင်လာတဲ့ဖုန်းကြောင့် ရိပေါ်ဖုန်းကိုယူလိုက်သည်။

" အင်း ပြောဘာကိစ္စလဲ ''

"ဆရာ အရေးကြီးတယ် ဆရာ့ ဆရာ့ အမျိုးသား အကိုလေး ကားတိုက်မှုဖြစ်လို့''

"ဘာပြောတယ် မဖြစ်နိုင်ဘူး
သူကအိမ်မှာလေ ''

ရိပေါ် ဖုန်းကိုင်ရင်းနဲ့ အခြားအခန်းတွေ တစ်အိမ်လုံးနေရာအနှံ့လိုက်ရှာပေမယ့် ရှောင်ကျန့်ရဲ့ အရိပ်ယောင်တောင်မတွေ့ရသူနောက်ဆုံးမျှော်လင့်ချက်နဲ့ အဝတ်ဗီဒိုကိုဖွင့်လိုက်တော့ သူ့ရဲ့အဝတ်စားတွေသာ ကျန်ပြီးတစ်ဖက်ကလွတ်နေတဲ့ ဗီဒိုကိုသာတွေ့ရသည် ။

"မဟုတ်ဘူး ရှောင်ကျန့်မဟုတ်ဘူး''

" ဆရာ ဆရာအဆင်ပြေရဲ့လား ''

ရိပေါ်ဖုန်းကိုဆက်ကိုင်ထားမိလား၊ ချမိလိုက်လားတောင်မသိလိုက်၊ အဝတ်အစားဖရိုဖရဲနဲ့ ကားသော့ကိုဆွဲကာ အပြေးထွက်လာခဲ့သည် ။

လွန်ခဲ့သော 4 နာရီခန့်

ရှောင်ကျန့် အိမ်ကနေ ကားနဲ့ထွက်လာပြီး ရှန်ဟွာ (Xuanhua) ကိုသွားဖို့မောင်းလာသည်။

အနီးမှာရှိနေချင်ပေမယ့် ငါကမင်းအတွက်အဆိပ်ပင်ဖြစ်နေတဲ့အခါ အဆိပ်ပင်ကို ကိုယ်တိုင်ဖယ်ပေးရမှာပေါ့ ။

"ကလေးရေ ပါးကတောင်းပန်ပါတယ် မင်းဒယ်ဒီနဲ့အတူမကြီးပြင်းနိုင်တော့ဘူး ပါးကိုခွင့်လွှတ်နော်ကလေး''

မီးနီကိုစောင့်နေရင်းရှောင်ကျန့်ဗိုက်လေးကိုပွတ်ကာ ကလေးနဲ့ စကားပြောနေမိသည် မီးစိမ်းသွားသဖြင့် လမ်းဆုံကိုဖြတ်တော့ ညာဘက်ကနေဆယ်ဘီးကားကြီး တစ်စီးက ရှေ့မီးကြီးထိုးကာအရှိန်နဲ့မောင်းလာသည်မလို့ ရှောင်ကျန့်ကွေ့ဖို့လုပ်ပေမယ့် ကားကြီးရဲ့အရှိန်ပြင်းတာကြောင့် ရှောင်ကျန့်ရဲ့ကားလေး လွင့်ထွက်သွားသည် ကားရဲ့တိုက်လိုက်တဲ့အရှိန်ကြောင့် ရှောင်ကျန့်ကားမှာလန်သွားပြီး ကားမှအငွေ့များ ပင်ထွက်လာတယ် ။

Hate is Love  { Complete }Where stories live. Discover now