Part- 13 ~ Everytime I miss u

18.9K 1.4K 54
                                    

Hate is Love

Zawgyi

ရိပေါ်,ရှောင်ကျန့်မရှိတော့ကတည်းက
အိမ်ကိုတောင်မပြန်ဖြစ်ဘဲ ရုံးမှာတင် အချိန်တော်တော်များများကုန်ဆုံးဖြစ်သည် Stella က ရှောင်ကျန့်မရှိတော့တဲ့နောက် ရိပေါ်ကို သိသိသာသာကပ်လာသော်လည်းရိပေါ်က အနားပင်အကပ်မခံ သူ့အတွက်တော့ Stellaက ရှောင်ကျန့်နဲ့ သူ့ကိုပြဿနာဖြစ်စေတဲ့သူမို့ ရိပေါ် Stella ကိုရူးမတက်မုန်းသည် ။

သူ့ကြောင့်ရှောင်ကျန့်သေရပေမယ့် Stella ကြောင့်သူတို့ဝေးရတယ်လို့တွေးလိုက်မိလျှင် သူ့ရဲ့နာကျင်မှုသက်သာအောင် Stella ကိုပဲမုန်းမိနေသည်။

" သူဌေးဝမ်ကျွန်မတို့ နေ့လည်စာအတူသွားစား ရအောင်လေ''

"အလုပ်များနေတာမမြင်ဘူးလား ''

"အာ ရိပေါ်ကလည်း ''
အလုပ်စားပွဲပေါ်တက်ထိုင်ပြီး ရိပေါ်ရဲ့neck tie ကိုဆွဲလာသည် သို့သော်ရိပေါ်က Stella ရဲ့လက်ကိုပုတ်ထုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည် ။

" ဒီမှာ Stella မင်းရဲ့အပြုအမူတွေကို ဆင်ခြင်ရင်ကောင်းမယ် ''

"ဘာလို့လဲ ကျွန်မလည်းလူလွတ် ရှင်လည်းလူလွတ်ပဲလေ ဘာလို့ခါးခါးသီးသီးဖြစ်နေရတာလဲ ရှင့်ယောက်ျားရှိတုန်းကတောင် ကျွန်မတို့ဟိုတယ်မှာ ပျော်ဖူးခဲ့ကြတယ်မလား''

Stella ကရိပေါ်ရဲ့ရင်ဘတ်ကိုလက်ညိုးနှင့် ပွတ်သတ်ပြီးပြောတော့ရိပေါ်,Stella ကို တွန်းလိုက်ပြီး ဒေါသတကြီးနဲ့ခုံကိုထုလိုက်သည်။

" မင်းနဲ့ငါ အဲ့နေ့ညကမူးရုံကလွဲပြီး ဘာမှမဖြစ်ခဲ့ကြတာမင်းအသိဆုံး မင်းအဲ့ကိစ္စနဲ့ ပတ်သတ်ပြီးထပ်မပြောရင်ကောင်းမယ် ပြီးတော့မင်းနဲ့ငါကအလုပ်တူတူလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်ကလွဲရင် ဘာမှမဟုတ်ဘူးဆိုတာမင်းသိထားပါ အလုပ်ကိစ္စသာမဟုတ်ရင် မင်းနဲ့စကားပြောဖို့
အကြောင်းအရင်းကိုမရှိဘူး ''

ရိပေါ်ကသူ့ရဲ့ကုတ်အင်္ကျီကိုယူပြီး အခန်းထဲကထွက်သွားသည် အခန်းထဲကထွက်လာတဲ့ ရိပေါ်ကိုမြင်တော့ ယွီပင်းကထနှုတ်ဆက်သည် ။

"ဆရာ မနက်ဖြန်မန်နေဂျာချုပ်ဝမ်ကျိုးချန်လာမယ်တဲ့ ''

"ဘယ်ချိန်လေယာဉ်ဆိုက်မှာလဲ ''

Hate is Love  { Complete }Where stories live. Discover now