Extra ~ II

9.6K 661 37
                                    

Hate is Love

Zawgyi

Daddy's Protect

(A/N- ဝမ်မင်ယူတို့မောင်နှမနှစ်ယောက်ကိုမေ့နေကြပြီ လား 😅)

ရိပေါ်တို့ရဲ့ဝမ်အိမ်တော်မှာအာဏာအရှိဆုံးကတော့ ပါးပါးကျန့်ပဲ ၊ပါးပါးကျန့်ရဲ့စကားတစ်ခွန်းဆိုတစ်ခွန်းက ထိရောက်တယ် ဘယ်သူ့မှလဲအထွန့်မတက်ရဲကြ ။

" ပါးပါး သမီးကိုဆံပင်စည်းပေး ''

"အင်း လာခဲ့ ''

"ပါးပါး ဗိုက်ဆာပြီ ''

"စားပွဲခုံပေါ်မှာမနက်စာအဆင်သင့်ပဲလုပ်ထားတယ်
နှစ်ယောက်လုံးနော် ဒီနေ့ပါးပါးကုမ္ပဏီမှာ အစည်းဝေးရှိတယ် ကျောင်းမှာဘာသံညာသံ မကြားချင်ဘူးနော်ကြားလား ''

" ဟုတ်ကဲ့ ပါးပါး ''
မောင်နှမနှစ်ယောက်လုံးက နာခံစွာပဲခေါင်းငြိမ့်လိုက်ကြသည် ။

"ဝမ်ရိပေါ် အခုထိမပြီးသေးဘူးလား ဝမ်ရိပေါ် ''

ရှောင်ကျန့်အောက်ထပ်ကနေအော်ခေါ်နေသော်လဲ ပြန်ထူးသံမကြားရတာကြောင့် စိတ်တိုလာရသည် ။

" ကုမ္ပဏီတစ်ခုလုံးအုပ်ချုပ်နေတဲ့သူက ခုထိကိုမထနိုင်သေးဘူး မင်ယူသွားမင်းအဖေကိုသွားနှိုး ''

"ဒယ်ဒီကသားကိုဆူမှာပေါ့ သူအိပ်နေတာကိုနှိုးလို့ဆိုပြီး ''

ရှောင်ကျန့်ရဲ့သားလို့မပြောရဘူး နည်းနည်းတော့ အထွန့်တက်လိုက်ရမှ ။

" မင်းမုန့်ဖိုးမရချင်တော့ဘူးထင်တယ် ဝမ်မင်ယူ ''

"အာ....သွားပြီ ကျွန်တော်သွားပြီလို့ပါးရေ ''

မုန့်ဖို့ဖြတ်ခံရမှာတော့သေမတက်ကြောက်တဲ့ မင်ယူကို ချိန်းခြောက်နည်းကဒီတစ်နည်းပဲရှိတယ် ။

" ပါးပါး...နောက်အပတ်ကျရင် ကျောင်းမှာအမေများနေ့ ဆိုတဲ့ပွဲရှိတယ်တဲ့ အဲ့နေ့ကျရင်ဆရာမက မားမားကိုခေါ်လာခဲ့တဲ့ မားမားကဘယ်သူလဲဟင် ဖွားဖွားလား ''

တစ်နေ့ဒီလိုကြုံလာရမှာသိတယ် စိတ်ကိုအဆင်သင့်ပြင်ဆင်ထားပေမယ့် တကယ်တမ်းကြုံလာတဲ့အခါမျက်ရည်မဝဲဘဲ မနေနိုင်ဘူး ရှောင်ကျန့်မင်အာလေးရဲ့ ခေါင်းကိုဖွဖွလေးပုတ် ပေးလိုက်ပြီး...

Hate is Love  { Complete }Where stories live. Discover now