Part-33~Believe U

12.2K 962 91
                                    

Hate is Love

Zawgyi

ရိပေါ်ရဲ့ရင်ခွင်ထဲမှာကွေးကွေးလေးအိပ်နေတဲ့ ချစ်ရသူလေးကို ရိပေါ်လက်ထောက်ပြီးကြည့်နေမိသည်။
ကလေးမွေးပြီးမှအနည်းငယ်ပြည့်လာတဲ့ ပါးဖောင်းဖောင်းလေးတွေကို အမြတ်တနိုးငုံနမ်းမိလိုက်တော့ သူ့ရင်ခွင်ထဲကနေလူးလွန့်လာတဲ့ချစ်ရသူ ။

" အင်း နိုးနေပြီလား ''

" အင်းနိုးပြီကျန့်ကိုကြည့်နေတာ ''
ရိပေါ်ကသူ့ပါးကိုဖောင်းလိုက်ပြီး သူ့ပါးကိုလက်ညိုးနဲ့ပုတ်ပြသည် သဘောကသူ့ကိုနမ်းပေါ့ ရှောင်ကျန့်က ရိပေါ်မျက်နှာကိုလက်နဲ့တွန်းဖယ်
လိုက်တော့ ရိပေါ်ကသူ့မျက်နှာကြီးကို ရှေ့ကိုအတင်းထိုးပေးလာသည် ။

ရှောင်ကျန့်လဲမျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ရိပေါ်ရဲ့ပါးဖောင်းဖောင်းတွေကိုနမ်းလိုက်သည် နမ်းလိုက်ပေမယ့်လဲ ရိပေါ်ကမပြီးသေး နောက်ပါးတစ်ဖက်ကို ပါနမ်းဖို့ထိုးပေးလာသည် ။

" ဝမ်ရိပေါ် မင်းဘာဖြစ်နေတာလဲ ''

" နမ်းလေ ''
ရှောင်ကျန့်လဲ ရိပေါ်လည်ပင်းကနေလှမ်းဆွဲလိုက်ပြီး နဖူးချင်းတိုက်လိုက်သည် ။

" အား ကျန့် နာတယ် ''

" ဖယ် မင်ယူ့ကိုသွားခေါ်ရဦးမယ် ''
ရှောင်ကျန့်ကရိပေါ်ကတွန်းဖယ်ပြီး ရေချိုးခန်းထဲသွားမလို့လုပ်ပေမယ့် ရိပေါ်ကအနောက်ကနေဖက်ပြီးလိုက်လာသည် ။

" ဝမ်ရိပေါ်မင်းဟာလေ သားတောင်လူသိပ်မကပ်ဘူး မင်းပဲ တောက်တဲ့လိုလိုက်ကပ်နေသိလား ''

" ချစ်တာကို ''
ရှောင်ကျန့်ကိုပဲပြုံးပြီးစိုက်ကြည့်နေတာမို့ ရှောင်ကျန့်မှာရှိးတိုးရှန်းတန်း ဖြစ်သွားရသည်
ရှောင်ကျန့်တို့နှစ်ယောက်သားပြင်ဆင်ပြီး မင်ယူလေးကိုခေါ်ထားတဲ့ အဖိုးဆီသွားကြသည် ။

မင်ယူလေးက လိမ္မာတယ်ပဲပြောရမလားမသိ နို့ဆာတဲ့ အချိန်ပဲငိုပြီးရှောင်ကျန့်ကိုလိုက်မရှာတာကြောင့် သိပ်မထိန်းရဘူးတဲ့
ရှောင်ကျန့်တို့လဲ ထိုဟိုတယ်မှာပဲ မနက်စာစားလိုက်သည် မနေ့ကထည့်ပေးတဲ့နို့ဗူးကကုန်သွားတာမို့ ရှောင်ကျန့်မှာ မနက်စာစားရင်းတန်းလန်း မင်ယူ့ကိုနို့တိုက်ရသည် ။

Hate is Love  { Complete }Where stories live. Discover now