Part-37~Parent ( Final)

15.6K 1K 91
                                    

Hate is Love

Zawgyi

အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာတာနဲ့အမျှ မင်ယူလေးလဲ ကျောင်းတက်နေရပြီ မူလတန်းတက်နေပြီဖြစ်တဲ့မင်ယူလေးနဲ့ တစ်အိမ်လုံးကိုဗိုလ်စီးထားတဲ့မင်အာတို့နှစ်ယောက်က ရှောင်ကျန့်တို့အိမ်မှာဆည်းလည်းသံလေးတွေပဲ ။

" ဝမ်ရိပေါ် အကျီတွေကိုလျှော်မယ့်ခြင်းထဲထည့်ပါလို့ မပြောဘူးလား အကုန်လုံးကိုကောက်ရိတ်သလိုလိုက်
ကောက်နေရတယ်

ဝမ်မင်ယူ အစားစားရင်ညစ်ပတ်အောင်မစားနဲ့လို့ ပါး ဘယ်နှခါပြောရမလဲအငယ်မဖုန်းကိုပဲကြည့်မနေနဲ့လို့ ပြောထားတယ်လေ အခုမှငယ်ငယ်လေးရှိသေးတယ်
မိုးလင်းထဲကဖုန်းနဲ့ ''
မနက်မိုးလင်းကို ရှောင်ပါးပါးရဲ့ဆူဆူပူပူအသံလေးတွေနဲ့ အစပြုသည် ။

မောင်နှမနှစ်ယောက်လုံးကိုအိမ်မှာ အဖွားနဲ့ထားခဲ့ပြီး ရှောင်ကျန့်လဲရုံးပြန်တက်နေသည် ရိပေါ်ကအိမ်မှာအေးဆေးနေခိုင်းလဲမရ ဒီနေ့က ပိတ်ရက်ဖြစ်တော့ ရှောင်ကျန့်မှာအိမ်အလုပ်တွေရော သားနဲ့သမီးကိစ္စတွေကိုပါလိုက်လုပ်ပေးနေရသည် ။

" ကျန့်ရယ် ကလေးတွေပဲ ထားလိုက်ပါ သူတို့နေချင်သလိုနေပါစေ ''

" ရမလား မွေးပြီးဒီတိုင်းထားရမှာလား စည်းမရှိကမ်းမရှိ မင်းကလဲကြည့်ကြပ်အလိုလိုက်သလား အကြီးကောင်ကျ လူလေးကလက်တောက်လောက်နဲ့ ဂျပိုးဖြစ်နေပြီ အငယ်ကျတော့လဲအိမ်ပြင်မထွက်ရအောင် ဖုန်းတွေပဲပေးသုံးထား ဟိုကကန်းတော့မယ် ''

" သားကျစိတ်ချရတယ်လေ သမီးကျစိုးရိမ်ရတာကို ''

ဝမ်ရိပေါ်သမီးကိုအူတိုတာကလဲ လွန်လွန်းပါတယ် သမီးကို အိမ်ထဲကအိမ်ပြင်ကိုမထုတ်ဘဲ ငြိမ်အောင်ဆိုပြီး Tablet ဝယ်ပေးလိုက်ဖုန်းဝယ်ပေးလိုက်ပဲ ။

မင်ယူကတော့ မနက်ဖြန်မူလတန်းတက်နေရပြီမို့ သူငယ်ချင်းများနှင့်ကျောင်းမှာပျော်နေသည် ရိပေါ်ကတော့သူ့သားကျောင်းတက်ရတဲ့အနေနဲ့ စက်ဘီးအသေးလေးတစ်စီးဝယ်ပေးထားသေးသည် မိုးလင်းကတည်းက သားအဖနှစ်ယောက်ခြံထဲမှာ စက်ဘီးစီးသင်နေကြသည်။

Hate is Love  { Complete }Where stories live. Discover now