Part-28 ~Baby born 👶🏻

15.3K 1.1K 71
                                    

Hate is Love

Zawgyi

ရိပေါ်မားသတိရတာကိုကြည့်ပြီး အတိုင်းမသိဝမ်းသာရသည် သူ့ရဲ့နောက်ဆုံးမိသားစုလေး သူခေါ်ခွင့်မရတော့ဘူး ထင်နေခဲ့တဲ့ နာမ်စားလေးတစ်ခုခေါ်ခွင့်ရတော့မှာမို့ ဝမ်းသာလို့ကျတဲ့မျက်ရည်များက ပါးပြင်ပေါ်မှာနေရာယူလျက်။

မားကတော့ အောက်ဆီဂျင်ပိုက်တပ်ထားရတာမို့ စကားပြန်ပြောလို့မရသေးပေ ။
"ဆရာ မားရဲ့အခြေနေကဘယ်လိုရှိလဲဟင် လုံးဝသက်သာသွားပြီလား ''

"သက်သာသွားပြီလို့တော့ပြောလို့ရပါပြီ ဒါပေမယ့်ကုတင်ပေါ်မှာအကြာကြီးလှဲနေခဲ့ရတဲ့ သူဆိုတော့သတိပြန်ရရင်တော့ ခြေထောက်လေ့ကျင့်ခန်းတွေပြန်လုပ်ရမယ် ဒီတစ်ပတ်နှစ်ပတ်လောက်စောင့်ကြည့်လို့ သက်သာရင်ဆေးရုံဆင်းလို့ရပါပြီ ''

" ကျေးဇူးပါဆရာ ''
ရှောင်ကျန့်ကတော့ဆရာဝန်နဲ့စကားပြောနေပေမယ့် ရိပေါ်ကတော့မားရဲ့လက်ကိုမြဲမြဲဆုပ်ကိုင်ထားကာမားကို ကြည့်နေတုန်း ။

" ရိပေါ်သိပ်လဲစိတ်မပူနဲ့တော့ မားလဲသတိရပြီဆိုတော့ ရိပေါ်နားချင်နားလေ ကျန့်စောင့်ပေးမယ် ''

"မဟုတ်တာကျန့်ရယ် ကိုယ့်ဘဝမှာလေ ဘယ်တော့မှမဖြစ်နိုင်တော့ဘူးထင်ခဲ့တဲ့အရာတွေ ဖြစ်လာတော့ အရာအားလုံးကိုအိမ်မက်လို့တောင် ထင်မိတယ်''

မတ်တပ်ရပ်နေတဲ့ ရှောင်ကျန့်ရဲ့ဗိုက်ပေါ် မျက်နှာအပ်ကာ ထိုင်ခုံပေါ်ကနေရှောင်ကျန့်ကိုဖက်လိုက်သည် ။

"ရိပေါ် ဒီမှာကြည့်ကလေးကနားလည်လို့လားမသိ ကန်နေတာတွေ့လား ''

" ကလေးရေ မင်းကလာဘ်ကောင်လေးပဲ အဖွားလဲ သတိရပြီဆိုတော့မင်းကမိသားစုစုံစုံလင်လင်နဲ့ နေရတော့မှာပေါ့ ''
ရိပေါ်ကရှောင်ကျန့်ဗိုက်ကလေးကိုခပ်ဖွဖွနမ်းလိုက်သည်။

တစ်ပတ်လောက်ကျော်လောက်ဆေးရုံမှာစောင့်ကြည့်ပြီးတော့ ဆေးရုံမှာအကြာကြီးနေလာခဲ့ရတဲ့ မားကဆေးရုံမှာမနေချင်တော့ဘူးဆိုလို့ ဆေးရုံကဆင်းလာခဲ့ရသည် ။

မားရဲ့ဆေးရုံဆင်းတာ ဆေးကိစ္စတွေအကုန်လုံးကို ရိပေါ်ကလုပ်သည် ရှောင်ကျန့်ကိုဘာမှပေးမလုပ်ဘူး ရိပေါ်ကဘာမှပေးမလုပ်ပေမယ့်လဲ ဗိုက်လေးတကားကားနဲ့ ရှောင်ကျန့်ဟာမားအတွက် ဟင်းတွေပြေးချက်လိုက်အခန်းတွေရှင်းလိုက်နဲ့လုပ်သည် ရ်ိပေါ်ဟာလဲဒီတစ်ပတ်အတွင်း ရုံးမသွားရတာကြာပြီမို့ မဖြစ်မနေရုံးကိုသွားရပေမယ့်အိမ်ကိုလဲစိတ်မချပြန်ဘူး ။

Hate is Love  { Complete }Unde poveștirile trăiesc. Descoperă acum