Part -29 ~ Daddy Wang

14.7K 1.1K 67
                                    

Hate is Love

Zawgyi

ရှောင်ကျန့်ကလေးမွေးပြီးတည်းက ရိပေါ်ရုံးအလုပ်တွေအကုန်လုံးကို ယွီပင်းနဲ့ Jeanaကိုလွှဲထားပြီး သူဌေးဝမ်ကြီးက ယောက်ျားဘေးနားမှာပဲ စိတ်မချလို့တကောက်ကောက် ။

ဆေးရုံကမဆင်းရသေးတာမို့ ရိပေါ်မှာစိတ်မချနိုင် ကလေးနို့တိုက်တာ အနီုးလဲပေးတာကအစ ဒယ်ဒီဝမ်ကြီးကပဲလုပ်တော့ ရှောင်ပါးပါးက အေးဆေးဇိမ်ပဲ ။

"ရိပေါ် ကျန့် ပီဇာစားချင်တယ် ''

" ကျန့်ကလဲတည့်ပါ့မလား မွေးခါစကို ''

"အာ ပီဇာလို့ ပီဇာစားချင်တယ် ယောက်ျားရဲ့ ဝယ်ကျွေးပါ''
ရှောင်ကျန့်ကရိပေါ်လက်မောင်းကိုလှုပ်ခါပြီး puppy eyeလေးနဲ့ပြောတော့ ရိပေါ်မှာမငြင်းရက်နိုင်ပေ ဒီလိုချစ်ဖို့ကောင်းတဲ့ ယောက်ျားလေးရဲ့ချွဲမှုမှာ ဒယ်ဒီဝမ်ဘယ်လိုခေါင်းမာရက်မှာလဲ ဒါကပဲ ဒယ်ဒီဝမ့်ကိုနိုင်တဲ့ လက်နက်ပဲဖစ်သွားရသည် ။

"အာ စားလို့ကောင်းမှာပဲ ''
ပီဇာရောက်လာတာနဲ့ပျော်မြူးပြီးပီဇာကိုစားနေတဲ့ ရှောင်ကျန့်ကိုကြည့်ပြီး ရိပေါ်ပြုံးမိသည် စားနေရင်း နင်မှာစိုးလို့ ဘေးကနေနို့လဲထည့်ပေးရသေးသည် ။

"ဖြေးဖြေးစားပါ ကျန့်ရယ် နင်,နေမယ် ရော့ နွားနို့လေးနဲ့ပါသောက် ''

"ဗိုက်ကြီးထဲကအစပ်တွေမစားရဘူးဆိုလို့ အောင့်ထားသမျှ အခုမှပဲစားရတော့တယ် တော်သေးတယ်နို့မတိုက်ရလို့ ''

"အင်းပါစား ဖြေးဖြေးစား ''

ရိပေါ်ကစားနေတဲ့ရှောင်ကျန့်ဆံပင်လေးတွေကို သပ်တင်ပေးလိုက်သည် ပလုတ်ပလောင်းနဲ့အားရပါးရစားနေတာလေးက တကယ့်ကိုချစ်စရာ ရိပေါ်လဲထိုမြင်ကွင်းကိုဘယ်လိုမှ သီးခံပြီး ကြည့်မနေနိုင်တော့တာကြောင့် ရှောင်ကျန့်ပါးလေးကိုနှာခေါင်းနစ်ဝင်တဲ့ အထိနမ်းလိုက်သည် ။

ရှောင်ကျန့်လဲစားနေရင်း ရုတ်တရက်လာနမ်းတဲ့ ရိပေါ်ကြောင့်ကြောင်သွားပေမယ့် လက်ကတော့အစားမပျက်ပါဘူး မပွေ့ဖက်တာကြာတဲ့ ခါးသိမ်သိမ်လေးတွေကိုဆွဲဖက်လိုက်ရင်း ပါးဖောင်းဖောင်းလေးတွေကို အတော်ကြာတဲ့အထိ နမ်းနေလိုက်သည် ။

Hate is Love  { Complete }Where stories live. Discover now