Part -27~Precious Things

13.5K 1.1K 40
                                    

Hate is love

Zawgyi

တစ်နေ့တစ်နေ့အကဲပိုလွန်းတဲ့ ဒယ်ဒီဝမ်နဲ့ တစ်နေ့တခြားစိတ်ဆက်လာတဲ့ ရှောင်ပါးပါးကတော့ အမြဲသတ်နေကြတာပဲ ဒယ်ဒီဝမ်ရဲ့အကဲပိုမှုတွေကို အပိုအလုပ်တွေဟုခေါင်းစဉ်တပ်ကာ တဗျစ်ဗျစ်တတောက်တောက်ကိုယ်ဝန်သည်လေးတို့ စကားနိုင်လုမှုကလဲ တစ်နေ့တာရဲ့အစ ။

"ရိပေါ် နောက်ထပ်ဘာကလေးပစ္စည်းမှ ထပ်ဝယ်မလာနဲ့တော့နော် အိမ်မှာခြေချစရာနေရာ တောင်မရှိတော့ဘူး ''

"အင်းပါ ဟုတ်ပါပီ ကျန့်ရယ်ကျန့်သာအိမ်မှာ ဘာမှမလုပ်နဲ့နော် တစ်ခုခုလိုရင်အဒေါ်ကြီးကိုခိုင်း ''

"အင်းပါသိပါပြီ ရုံးသာသွားတော့ ''

ရိပေါ်ရုံးသွားရင် ရှောင်ကျန့်အိမ်မှာ ကလေးအကျီလေးတွေသိုးမွေးထိုးသည် အင်တာနက်ကနေကြည့်ပြီး သူလဲဖြေးဖြေးချင်းစီ လိုက်ထိုးသည် ကလေးနဲ့ပတ်သတ်တာမှန်သမျှကို ရိပေါ်ကအကုန်ဝယ်ပေးထားတာမို့ ဘာမှထပ်ဝယ်စရာပင် မလိုတော့ ကလေးတောင်မမွေးရသေးဘူး ကလေးထိခိုက်မှာစိုးလို့ ချွန်မယ့်အရာတွေ ဆူးမယ့်အရာတွေ လိုက်ဖယ်ရတာနဲ့နံရံတွေကိုလဲ ကလေးမထိခိုက်စေတဲ့ ဖော့တွေခင်းထားရတာနဲ့ ။

"ရှောင်ကျန့် ''

"အော ဖန်ရှင်းလာလေ ''

"မင်းကလဲဗိုက်ရှိကတည်းကအပြင်ကိုမထွက်တော့ဘူး ''

"ငါကထွက်ချင်တယ် ကလေးအဖေက သဲသဲကဲကဲဖစ်နေလို့ဟေ ''

"ငါတို့မတွေ့တာကြာပြီဆိုတော့ အပြင်သွားရအောင်လေ
ငါလာခေါ်တာ ''

"ကောင်းသားပဲ သွားမယ်လေ ငါလဲအိမ်မှာပျင်းနေရတာ ခဏစောင့်ဦးငါအက်ျီသွားလဲဦးမယ် ''

ဖန်ရှင်းလဲရှောင်ကျန့်ကိုစောင့်ရင်း Teddy နဲ့ကစားနေလိုက်သည် Teddy ကလူစကားတော့ အတော်နားလည်တာဘာခိုင်းခိုင်းလုပ်သည် အိမ်မှာတစ်ယောက်တည်းကျန်နေခဲ့တဲ့ရှောင်ကျန့်အတွက် အပျင်းပြေလေးပေါ့ ။

အကျီအပွကြီးဝတ်ကာ စတိုင်ဘောင်းဘီဝတ်ထားတဲ့ ရှောင်ကျန့်က ခုထိကြည့်လို့ကောင်းနေတုန်းပဲ အကျီအပွကြီးကြောင့် ဗိုက်ကမသိမသာ ပျောက်နေသယောင် ။

Hate is Love  { Complete }Where stories live. Discover now